ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို စောင်များ လှူဒါန်း
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ စောင်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆောင်းရာသီ ရောက်ရှိလာပြီ ဖြစ်သောကြောင့် စစ်ဘေးရှောင် ပြည်သူများအတွက် စောင်များ လိုအပ်လျက်ရှိပြီး အညာပစ်တိုင်းထောင်လေးများအဖွဲ့က အိမ်ထောင်စု ၆၂စုအတွက် တစ်အိမ်ထောင်လျှင် စောင် ၁ ထည်နှုန်းထောက်ပံ့ခဲ့ကြောင်းသိရှိရသည်။