24 C
Yangon

လားရှိုးမြို့နယ်၊ အလက ခွဲ ၆ ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်

Must read

လားရှိုးမြို့နယ်၊ အလက ခွဲ ၆ ကျောင်းတွင် တပ်စွဲထားသော စစ်တပ်က ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ အမှတ် ၆ အလက ခွဲ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ည ၉ နာရီခန့်အချိန် လားရှိုးမြို့နယ်၊ အမှတ် ၆ အလက ခွဲ ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများက ဆိုင်ကယ်စီးလာသည့် ပြည်သူ ၂ ဦးကို ဆိုင်ကယ် ရပ်တန့်ပေးခြင်း မရှိဟု ဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။

“လားရှိုး အလက ခွဲ ၆ ကျောင်းရှေ့မှာ ဆိုင်ကယ်နဲ့ ဖြတ်သွားတဲ့ ပြည်သူ ၂ ဦးကို စစ်ခွေးတွေက မရပ်ပေးလို့ ဆိုပြီး ပစ်သတ်လိုက်တယ်။ သေဆုံးသွားတဲ့ ပြည်သူ ၂ ဦးက ဘယ်မှာနေထိုင်ပြီး ဘယ်သူတွေ ဆိုတာတော့ မသိရသေးဘူး။ စုံစမ်းနေတုန်းပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဆိုင်ကယ်စီး ပြည်သူ ၂ ဦးကို ပစ်သတ်ပြီးနောက် အလောင်းများကိုလည်း စွန့်ပစ်ထားခဲ့ကြောင်း၊ မိသားစုဝင်များမှာ မည်သူမည်ဝါဖြစ်သည်ကို စုံစမ်းသိရှိရခြင်းမရှိသေးဟု ဒေသပြည်သူများ၏ အဆိုအရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article