36 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင်က ဧည့်တွေ့မှုများ ၊ ပြင်ပ ပွဲလမ်းသဘင်များ ယာယီ ရွှေ့ဆိုင်းပြီး စစ်ရုံးတွင် အနီးကပ် ကြီး ကြပ်ကွပ်ကဲနေသော်လည်း စစ်ရေးအရ အရှုံးများသာ ကြုံနေ

Must read

အကြမ်းဖက် မင်းအောင်လှိုင်က ဧည့်တွေ့မှုများ ၊ ပြင်ပ ပွဲလမ်းသဘင်များ ယာယီ ရွှေ့ဆိုင်းပြီး စစ်ရုံးတွင် အနီးကပ် ကြီး ကြပ်ကွပ်ကဲနေသော်လည်း စစ်ရေးအရ အရှုံးများသာ ကြုံနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အကြမ်းဖက်မင်းအောင်လှိုင်က ဧည့်တွေ့ဆုံမှုများ၊ ပြင်ပ ပွဲလမ်းသဘင်များ၊ ခရီးစဉ်များကို ရွှေ့ဆိုင်းပြီး နေပြည်တော် စစ်ရုံးတွင်သာ အချိန်ပြည့် ကြီးကြပ်ကွပ်ကဲနေသော်လည်း နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ရေးအရ အရှုံးများသာ ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက်မင်းအောင်လှိုင်သည် မည်သည့် ပွဲလမ်းသဘင်၊ မည်သည့်ဧည့်တွေ့ဆုံမှုမျိုးကိုမှ မလုပ်ဆောင်တော့ဘဲ ရွှေ့ဆိုင်းပြီး နေပြည်တော်စစ်ရုံးတွင် ထိုင်ကာ စစ်ရေးအရ ကြီးကြပ်ကွပ်ကဲမှုများကို တိုက်ရိုက် ဆောင်ရွက်လာကြောင်း၊ လက်ရှိ ကြုံတွေ့နေရသည့် နိုင်ငံတစ်ဝန်းမှ တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရေးနိမ့်လာမှုများကို မင်းအောင်လှိုင် တိုက်ရိုက် ကိုင်တွယ်နေသော်လည်း ၇ ရက်တာကာလအတွင်း အရှုံးများသာ ကြုံတွေ့နေရကြောင်း သိရှိရသည်။

“နေပြည်တော် ဇေယျာသီရိ စစ်ရုံးမှာ ရုံးတက်တယ်လို့ သိရပါတယ်။ ညဉ့်နက်နဲ့ မနက်အစောပိုင်း အစည်းအဝေး လုပ်တာတွေလည်းရှိတယ်။ စစ်ဆင်ရေးတွေကိုတော့ အနီးကပ်ကြီးကြပ်ကွပ်ကဲတယ်လို့ သိရတယ်။ ပြင်ပ ဧည့်တွေ့တာတွေ၊ ပွဲလမ်းတွေ တက်တာမျိုးတွေလည်း ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်” ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်း အဝေး၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ရုရှားနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း၊ မြန်မာရော်ဘာဖိုရိမ်-၂၀၂၃ ကို တက်ရောက်ခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၀ ရက်နေ့ မှစတင်ပြီး ယနေ့အထိ စစ်ရုံးတွင်သာ ရုံးတက်တော့ကြောင်း၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့ ယနေ့အထိ စစ်ရုံးတွင် နေ့စဉ် ရုံးတက် စစ်ဆင်ရေးများကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေကြောင်း သိရှိရသည်။

လက်ရှိနိုင်ငံတစ်ဝန်းရှိ မြို့များဖြစ်သည့် ချင်းရွှေဟော်၊ ခမ်းပတ်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ၊ ဖောင်းဆိုင်၊ ကောလင်း၊ ရိဒ်ခေါဒါရ် စုစုပေါင်း မြို့ ၉ မြို့ကို သိမ်းပိုက်ထားကာ ရှမ်းမြောက် အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်စခန်းပေါင်း ၂၀၀ နီးပါးကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း၊ စစ်ကောင်စီဘက်မှ တပ်ရင်းအလိုက် အလင်းဝင်ခြင်း၊ လက်နက်ချ အညံ့ခံခြင်း၊ တိုက်ပွဲတွင် ဖမ်းဆီးခံရခြင်း၊ ရာချီ၍ စစ်သားများ သေဆုံးခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article