27 C
Yangon

နမ့်ခမ်းမြို့ရှိ စစ်တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်၊ ထားဝယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

နမ့်ခမ်းမြို့ရှိ စစ်တပ်စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်၊ ထားဝယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ရှိ အကြမ်းဖက် စစ်တပ် စခန်းကို TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် နမ့်ခမ်းမြို့ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ်ကုန်းကို တအာင်းတပ်မတော် PSLF/TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားရာ နေရာကို အကြမ်းဖက် စစ်တပ်၏ နမ့်ဖတ်ကာ၊ မန်တပ် စစ်တပ်စခန်းက လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ထားဝယ်မြို့နယ် ၊ ပကာရီကျေးရွာ ရဲစခန်းနှင့် ၈ မိုင်ဂိတ်ရှိ စစ် ကောင် စီတပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့ ကြောင်း Dawei Defense Team – DDT တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၄ ရက် ည ၇ နာရီခွဲခန့်က ထားဝယ်မြို့နယ်၊ ပကာရီ ကျေးရွာ ရဲစခန်း အတွင်းရှိ စစ် ကောင်စီတပ်သားများကို ၁၂၀ မမ လက်နက်ကြီးဖြင့် ဗုံးသီး ၃ လုံးပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာလ ၁၅ ရက် ည ၁၁ နာရီခွဲခန့်တွင် မဲချောင်းကျေးရွာအနီးရှိ ၈ မိုင် ဂိတ်စခန်းကို နေရာ ၃ နေရာမှ ၄၀ မမ ဗုံးသီး ၂ လုံး၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ ၁၂၀ မမ ဗုံးသီး ၂ လုံး ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က အဝေးကနေ ထုတာ၊ ခွေးဖက်ကလဲ ပြန်ထုပါတယ်၊ ကျနော်တို့နေရာတွေကို၊ ၁ ဦးသေ တယ်လို့ ကနီဦးသိထားရပါတယ်၊ ထပ်သေဆုံးမှုလည်း ရှိနိုင်ပါတယ်၊ အတိအကျမသိရသေးလို့ပါ၊ ဒီနေ့ ၈ မိုင် ဂိတ်က ကောင်တွေမလှုပ်ရဲတော့ဘူးလို့ ကြားတယ်၊ ထပ်လာပစ်မှာ ကြောက်လို့တဲ့” ဟု Dawei Defense Team – DDT တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Dawei Defense Team – DDT တပ်ရင်း အပါဝင် DDT-တပ်ခွဲ ၂ ၊ တပ်ခွဲ ၃ ၊ ထားဝယ် – ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article