22 C
Yangon

နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ရောင်းချမှု ၆ နာရီအတွင်း ဒေါ်လာ ၃ သန်းဖိုးရောင်းချရ

Must read

နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ရောင်းချမှု ၆ နာရီအတွင်း ဒေါ်လာ ၃ သန်းဖိုးရောင်းချရ

■ စစ်ကောင်စီ လက်အောက်ခံ များထံမှ နိုင်ငံပိုင် ပစ္စည်းများကို ဝယ်ယူခြင်း၊ ငှာရမ်းခြင်း၊ ပြုလုပ်လျှင် အရေးယူ၍ နိုင်ငံပိုင်အဖြစ် သိမ်းယူမည်ဖြစ်ကြောင်း NUG စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနက သတိပေးတားမြစ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာရောင်းချမှု ၆ နာရီအတွင်း အမေရိ ကန်ဒေါ်လာ ၃ သန်းဖိုးရောင်းချခဲ့ရကြောင်း NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ဝန်ကြီးဦးတင်ထွန်းနိုင်က ပြောကြားသည်။

ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာရောင်းချခြင်း စတင်ခဲ့ရာ ၆ နာရီ အတွင်း SDB Application မှ ကိုယ်တိုင်ဝယ်ယူအားပေးသူ Subscription ၂၀၀၀ ကျော်နှင့် ဒေါ်လာ ၁ သန်း နီးပါး အော်ဒါတင်ခြင်းရောက်ရှိထားပြီး နွေဦးဘဏ်၏ ကိုယ်စားလှယ် – Relationship Managers – RMs များ မှ တဆင့် ဝယ်ယူစာရင်းသွင်းခြင်း ဒေါ်လာ ၂ သန်းနီးပါးအနီးရရှိထားပြီးဖြစ်ကြောင်း သိရ သည်။

အဆိုပါ အစုရှယ် ရောင်းချခြင်းကို USD ၁၀ သန်းရောင်းချမည်ဖြစ်ပြီး အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ၁၀ ဒေါ် လာမှ စတင်ကာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဝယ်ယူနိုင်ကြောင်း နွေဦးဖွံ့ဖြိုးရေး ဘဏ်က အသိပေးထားသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် အခြားအဖွဲ့အစည်း များက နိုင်ငံပိုင်ပစ္စည်းများအား ထုခွဲရောင်းချရန်၊ ငှားရမ်းရန်နှင့် အခြားနည်းဖြင့်ဆောင်ရွက်ရန် စီစဉ် နေခြင်းသည် တရားဝင်မှု အလျဉ်းမရှိသဖြင့် ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတနည်းနည်းဖြင့် ပါဝင် ပတ်သက်ခြင်း မပြုကြရန်နှင့် လိုက်နာမှုမရှိပါက အရေးယူသွားမည်ဖြစ်ပြီး နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွားမည်ဖြစ်ကြောင်း NUG စီမံ/ဘဏ္ဍာဝန်ကြီးဌာန သတိပေးတားမြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူရန်ကြိုးပမ်းအားထုတ်နေသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် မကြာခင် ချုပ်ငြိမ်း ပျောက်ကွယ်သွားတော့မည့် အကြမ်းဖက်အဖွဲ့အစည်းသာ ဖြစ်ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ် ကောင်စီ ၏ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်နှင့် အခြားအဖွဲ့အစည်းများသည် နိုင်ငံ ပိုင်ပစ္စည်းများဖြစ်သည့် ဌာနပိုင်ပစ္စည်းများ၊ ဌာနပိုင် ပုံသေပိုင် ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော သို့မ ဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မြေ၊ အဆောက်အအုံ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်ခွင့်များနှင့် သမဝါယမပိုင် ပစ္စည်းများအပါအဝင် နိုင်ငံတော်က တရားဝင် ပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်မှုများကို ထုခွဲရောင်းချရန်၊ ငှားရမ်းရန်နှင့် အခြားနည်းဖြင့် ဆောင်ရွက်ရန် အဆောတလျင် စီစဉ်နေကြောင်း သိရှိရသည်။

နိုင်ငံပိုင်ပစ္စည်းများ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူ များသာဖြစ်ပြီး ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက် စစ်ကောင်စီနှင့် ယင်း၏ လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် နိုင်ငံ ပိုင်ပစ္စည်းများဖြစ်သည့် ဌာနပိုင်ပစ္စည်းများ၊ ဌာနပိုင် ပုံသေပိုင် ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော သို့မ ဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မြေ၊ အဆောက် အအုံ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင်ခွင့်များနှင့် သမဝါယမပိုင် ပစ္စည်းများအပါအဝင် နိုင်ငံတော်က တရားဝင် ပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်မှုများကို ရောင်းချပိုင်ခွင့်၊ ငှားရမ်းပိုင်ခွင့် နှင့် အခြားမည်သည့်နည်း နှင့်မျှ စီမံခန့်ခွဲပိုင်ခွင့် မရှိကြောင်း ထောက်ပြထားသည်။

သို့ပါ၍ နိုင်ငံ ပိုင်ပစ္စည်းများဖြစ်သည့် ဌာနပိုင်ပစ္စည်းများ၊ ဌာနပိုင် ပုံသေပိုင် ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင် သော သို့မ ဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ မြေ၊ အဆောက်အအုံ၊ အသိဉာဏ်ပစ္စည်းပိုင်ဆိုင် ခွင့်များနှင့် သမဝါယမပိုင် ပစ္စည်းများအပါအဝင် နိုင်ငံတော်က တရားဝင် ပိုင်ဆိုင်သည့် အခြားပိုင်ဆိုင်မှု များကို ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ အခြားတစ်နည်းနည်းဖြင့် ပတ်သက်ဆက်နွှယ်ခြင်း မပြုကြရန် သတိ ပေးတားမြစ်လိုက်ကြောင်း၊ တားမြစ်ချက်အား လိုက်နာမှုမရှိဘဲ နိုင်ငံပိုင်ပစ္စည်းများကို လက်ဝယ်ရ ယူ ထားသူ မည်သူကို မဆို အ‌ရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံပိုင်အဖြစ် ပြန်လည် သိမ်းယူသွား မည် ဖြစ် ကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article