26 C
Yangon

ရန်ကုန်မြို့လယ်ရှိ ပန်းဆိုးတန်း ကုန်းကျော်တံတားတွင် “အဘအတွက် အသေ ခံ မလား၊ ပြည်သူ့ထံ အလင်းဝင်မလား မင်းတို့ရွေး” ပိုစတာနှင့် PDF အလံ တော်ကို လွှင့်ထူ

Must read

ရန်ကုန်မြို့လယ်ရှိ ပန်းဆိုးတန်း ကုန်းကျော်တံတားတွင် “အဘအတွက် အသေ ခံ မလား၊ ပြည်သူ့ထံ အလင်းဝင်မလား မင်းတို့ရွေး” ပိုစတာနှင့် PDF အလံ တော်ကို လွှင့်ထူ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

အကြမ်းဖက် စစ်ကောင်စီက လုံခြုံရေးပိုမိုတင်းကျပ်ထားသော ရန်ကုန်မြို့တွင် “အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး” ပိုစတာ စာသားနှင့် တိုက်ပွဲဝင် PDF အလံတော်ကို လွှင့်ထူသည့် လှုပ်ရှားမှုကို ရန်ကုန်မြို့တော်လှန်ရေးအင်အားစုများက ယနေ့ စုပေါင်း၍ ဆောင်ရွက်ကြသည်။

နိုင်ငံအဝှမ်း လူထု၏ ဆန့်ကျင်တော်လှန်မှု၊ လက်နက်ကိုင်ခုခံမှုများနှင့် ရင်ဆိုင်နေရသော စစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး စသည့်တို့တွင်သာမက စစ်ရေးတိုက်ပွဲများတွင်ပါ အရှုံးကြီးရှုံးလျက်ရှိသည်။

သွေးပျက်ခြောက်ခြားနေသော စစ်တပ်သည် မြို့ကြိးပြကြီးများတွင်ခြေကုပ်ယူကာ လုံခြုံရေးများတို့မြှင့် ချထားလျက်ရှိကြောင်း၊ ဤသို့သော အခြေအနေတွင် ပြည်သူ့ဘက်သို့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်း၊ ကြိုတင်ချိတ်ဆက် ခိုလှုံခြင်းဖြင့် ပြည်သူ့ဘက်သို့ အချိန်မီ ပူးပေါင်းရပ်တည်ကြရန် ပြည်သူလူထုနှင့် သပိတ်အင်အားစုများမှ လှုံ့ဆော်မေတ္တာရပ်ခံလျက်ရှိကြောင်း သိရှိရသည်။

သွေးပျက်ခြောက်ခြားနေသော စစ်တပ်သည် မြို့ကြိးပြကြီးများတွင်ခြေကုပ်ယူကာ လုံခြုံရေးများတို့မြှင့် ချထားလျက်ရှိကြောင်း၊ ဆက်လက်မြင့်တက် ရိုက်ခတ်လာမည့် တော်လှန်ရေးလှိုင်းလုံးများ ၊ တော်လှန်ရေးလှုပ်ရှားမှုများအတွက် လူထုတရပ်လုံး အသင့်ပြင်ဆင် နားစွင့်ထားကြပါရန်နှင့် ပြိုကျယိုင်နဲ့ နေပြီဖြစ်သော စစ်ကောင်စီကို အဆုံးတိုင် ဖြိုချနိုင်ရေး ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ကြပါရန်လည်း တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article