22 C
Yangon

ကရင်နီတပ်ဖွဲ့များ ပစ်ချလိုက်သော စစ်တပ်တိုက်လေယာဉ်မှ လေထီးဖြင့် ခုန်ချ လွတ်မြောက်ခဲ့သည့် လေ ယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးကို ကယားနှင့်ကရင်ပြည်နယ်အစပ်တွင် ဖမ်းဆီးရမိ၊ ကရင်နီထဲသို့ ပြန်လည်ခေါ်ဆောင်ထား

Must read

ကရင်နီတပ်ဖွဲ့များ ပစ်ချလိုက်သော စစ်တပ်တိုက်လေယာဉ်မှ လေထီးဖြင့် ခုန်ချ လွတ်မြောက်ခဲ့သည့် လေ ယာဉ်မောင်း ပိုင်းလော့ ဗိုလ်မှူးကို ကယားနှင့်ကရင်ပြည်နယ်အစပ်တွင် ဖမ်းဆီးရမိ၊ ကရင်နီထဲသို့ ပြန်လည်ခေါ်ဆောင်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ကရင်နီ(ကယား)ပြည်နယ်အတွင်း တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပစ်ခတ်ခံရပြီး လေ ယာဉ်ပျက်မှုတွင် လေထီးဖြင့် ခုန်ချထွက်ပြေးလွတ်မြောက်ခဲ့သည့် လေယာဉ်မှူး ၂ ဦးအနက် ဗိုလ်မှူး တစ်ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း KA စစ်ဘက်ဆိုင်ရာ အရာကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့က ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ် အစပ်၊ လိပ်သိုမြို့နယ်၊ တန်ကလူးကျေးရွာအနီးတွင် ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံသို့ လေယာဉ်မှူးကို ပြန်လည် ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း၊ သိရသည်။

“လိပ်သို၊ ယာသိုဘက်နယ်စပ်မှာ မိတာ၊ သိရသလောက်တော့ ကရင်နီနယ်စပ်ပေါ်မှာရှိတဲ့ တန် ကလူးတဲ့ရွာနာမည်က လိပ်သို၊ ယာသိုနဲ့ ကျနော်တို့ ကရင်နီနယ်စပ်လေ၊ အဲဒီမှာ မိတယ်ပြောတယ်၊ ဖမ်းမိပြီးတော့ အဲဒီမှာ မထားဘဲနဲ့ ကရင်နီဘက်ကို ပို့လိုက် တာ၊ ဖမ်းမိတဲ့နေရာက နယ်စပ်ဆိုတော့ ကျနော်တို့ လူတွေလည်းရှိတယ်၊ KNDF လည်းရှိတယ်၊ PDF လည်းရှိတယ်၊ အစုံရှိပါတယ်၊ နေရာတိုင်းမှာ အဖွဲ့အစုံရှိ တယ်၊ ဘယ်အဖွဲ့က မိသလဲတော့ မသိရ သေးဘူး၊ ဒီးမော့ဆို၊ ဖရူဆိုဘက်ဆိုတော့ KSPP တို့၊ KA တို့ အဖွဲ့ တွေရှိတယ်၊ ဘယ်အဖွဲ့ဆီပို့လိုက်လဲ တော့ အတိအကျ မသိရသေးဘူး၊ မိတာကတော့ သေချာပါ တ ယ်၊” ဟု KA စစ်ဘက်ဆိုင်ရာ အကြီး တန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ချနိုင်ခဲ့ပြီး ပျက်ကျသွားသော တိုက် လေ ယာဉ်မှ လေယာဉ်မှူး ၂ ဦး လွတ်မြောက်သွားခဲ့ကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့အတည်ပြုပြောဆိုခဲ့သည်။

ဓာတ်ပုံ- တော်လှန်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article