Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်က အကျဥ်းစခန်း ၄ ခုကို TNLA နဲ့ မန္တလေး PDF ကနေ မနေ့က တစ်ရက်တည်းမှာပဲ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး၊ လက်နက် ခဲယမ်း အမြောက်အများ ကိုပါ သိမ်းဆည်း ရရှိခဲ့တယ်လို့ TNLA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
– ကရင်နီတော်လှန်ရေးတပ်တွေ ပစ်ချလိုက်တဲ့ တိုက်လေယာဉ်ပျက်ကျမှုအတွင်း လေထီးနဲ့လွတ်မြောက် သွားတဲ့ အကြမ်းဖက် စစ်တပ်က လေယာဉ်မောင်းပိုင်းလော့ ဗိုလ်မှုး ၁ ဦး ကိုဖမ်းဆီးရမိထားပြီလို့ KA စစ်ဘက်ဆိုင်ရာ ကြီးတန်းအရာရှိတစ်ဦးက ရန်ကုန်ခေတ် သစ်ကို ပြောပါတယ်။
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်က အရပ်သားပြည်သူတွေနေထိုင်ရာ မြို့သစ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၊ နေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်