27 C
Yangon

လောက်ကိုင်မြို့ကို ပိတ်ဆို့ထားပြီး သင့်တော်သည့်အချိန်တွင် ချက်ချင်းသိမ်းယူမည်ဟု MNDAA သတိပေး၊ စစ်ကောင် စီတပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေ

Must read

လောက်ကိုင်မြို့ကို ပိတ်ဆို့ထားပြီး သင့်တော်သည့်အချိန်တွင် ချက်ချင်းသိမ်းယူမည်ဟု MNDAA သတိပေး၊ စစ်ကောင် စီတပ်စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်အထူးဒေသ၊ လောက်ကိုင်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီး သင့်တော် သည့်အချိန်တွင် အပြီးသတ်သိမ်းယူသွားမည်ဖြစ်ကြောင်း MNDAA က သတိပေးထားသည်။

မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစ၍ စစ်ကောင်စီတပ်ဖွဲ့၏ ထိန်းချုပ်ခဲ့သော မြို့နှင့် မဟာဗျူဟာစခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ဖယ်ရှားခဲ့ရာ စစ်ကောင်စီ တပ်စခန်းပေါင်း ၁၅၈ ခုအထိ သိမ်းဆည်းရရှိထားကြောင်း၊ စစ်ကောင် စီတပ်ဖွဲ့များက လက်ကျန် ကွက် လပ်နေ သော မြို့များကိုသာ အသည်း အသန် ကာကွယ်စောင့်ထိန်းနေကြကြောင်း သိရသည်။

ထို့ပြင် လောက်ကိုင်ဒေသတစ်ခုလုံးကို ဝန်ရံထားနိုင်ပြီး သင့်တော်သည့်အချိန် ရောက်ရှိသည်နှင့် တပြိုင် နက် ချက် ချင်းပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တန်ပြန်ထိုးစစ်ဆင်လာ သော စစ်ကောင်စီတပ်ဖွဲ့များကို အထိနာအောင် ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိပြီး ကိုးကန့်ပြည်သူ့စစ်အဖွဲ့ များကို အမြစ်ပြတ်ချေမှုန်းရန် ပြင်ဆင်နေကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က တုန်းရှမ်းဒေသ ၊ တာကျူချင့်ရွာ အနောက် တောင်ကုန်း ကြွယ်ပါးနေရာရှိ စစ်ကောင်စီတပ်စခန်းကို MNDAA မှ ချဉ်းကပ်ကာ ဝန်းရံပိတ်ဆို့ထား ခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက် နံနက် ၇ နာရီ ၄ မိနစ်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၈ နာရီမိနစ် ၄၀ တွင် အပြီးသတ်ပိုက်နိုင်ခဲ့ကြောင်း၊လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် ၆ နာရီခန့်က တာရွှေထန်အခြေချသော အင်အား ၅၀ ခန့်ပါ အကြမ်းဖက် စစ် ကောင်စီတပ်ဖွဲ့မှ MNDAA သိမ်းပိုက်လိုက်သော ချောက်ပါးကျိုင့်စခန်းဟောင်းကို တန်ပြန်ထိုးစစ်ရန် ကြံရွယ်ပြီးချီတက်လာခဲ့သဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး တာရွှေ ထန်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း အချို့ကို သိမ်း ဆည်းနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ရွင်မာလင်ရွာတွင် အခြေချသော စစ်ကောင်စီ တပ်စခန်း တစ်ခုကို MNDAA မှ သိမ်းပိုက်ခဲ့ပြီး ညနေပိုင်းတွင် ဒရုန်း၏ပစ်ကူမှုဖြင့် လန့်ထန်၊ ရှောက် ထမ်ချင်းနှင့် လူရွှေ စသည့် စခန်း၃ ခုကို ထပ်မံသိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်း အချို့သိမ်း ဆည်းရရှိခဲ့ ကြောင်း၊ ထို့ပြင် နံနက် ၉ နာရီ မိနစ် ၃၀ မှ ၁၁ နာရီနှင့် နံနက် ၁၁ နာရီမှ မွန်းတည့် ၁၂ နာရီ ၁၃ မိနစ် အချိန်နှစ်ခုတို့၌ တုန်းရှမ်းဒေသ မန်ချင် ၊ ရှီးရှမ်းဒေသတာရွှေထန်အုပ်စု ၊ တာလုံထန်နေရာတွင် စစ် ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၉ ရက် နံနက် ၁၁ နာရီ ၄၆ မိနစ်တွင် ပန်ဆိုင်းနယ်စပ်ဂိတ်တွင် အခြေချသော စစ်ကောင်စီ တပ်ဖွဲ့ကို (MNDAA)သည် ဒေသလုံခြုံရေးတပ်ဖွဲ့နှင့် ပူးတွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ၊ ထို့အပြင် နိုဝင်ဘာလ ၁၉ ရက် ည ၇ နာရီ ၇ မိနစ်တွင် နန့်ပုံအခြေချ စစ်ကောင်စီတပ်ရင်း ၂၉၁ စခန်းကို MNDAA မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article