25 C
Yangon

ကျောက်မဲမြို့နယ်သို့ စစ်တပ်က စစ်ယာဉ်တန်းနှင့်စစ်ကြောင်းများ အင်အား တိုးချဲ့နေ၊ နောင်ချိုဘက်တွင် တိုက်ပွဲပြင်းထန်

Must read

ကျောက်မဲမြို့နယ်သို့ စစ်တပ်က စစ်ယာဉ်တန်းနှင့်စစ်ကြောင်းများ အင်အား တိုးချဲ့နေ၊ နောင်ချိုဘက်တွင် တိုက်ပွဲပြင်းထန်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့သို့ သံချပ်ကာယာဉ်များအပါအဝင် အကြမ်းဖက်စစ်သား အများ အပြားရောက်ရှိနေပြီး နောင်ချိုဘက်တွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ည ၉ နာရီ ၅၇ မိနစ်တွင် နောင်ချိုတွင် အုမ္မတီး၊ အုမ္မခါး၊ ရွှေညောင်ပင် အနီးတဝိုက်တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်နေကြောင်း၊ ကျောက်မဲမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ၅၀၂ ၊ ၅၀၁ တပ်များကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ ထို့အပြင်ကျောက်မဲမြို့သို့ သံချပ်ကာ ယာဉ်များအပါအဝင် အကြမ်းဖက်စစ်သားအင်အား အများအပြားရောက်ရှိနေပြီး မိုင်းခွဲဖျက် ဆီးခံထားရသည့် ကျင်းသီတံတားကို ယာယီပြန်လည် ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“သံချပ်ကာ ကားတွေက ကျောက်မဲတိုးဂိတ်မှာရောက်နေတယ်၊ ပြီးခဲ့တဲ့အပတ်က အသိမ်းခံ၊ မိုင်းခွဲခံရတဲ့ ကျင်းသီတံတားကို ယာယီတံတားလုပ်နေတာ၊ တံတားမှာက အင်အား ၂၀၀ လောက်ရှိတယ်၊ လမ်းဘေး ဝဲယာမှာလဲ ကင်းပုန်းတွေရှိတယ်၊ ကျောက်မဲ ၅၀၂ ၊ ၅၀၁ တပ်ကလည်း လက်နက်ကြီးတွေပစ်နေတယ်၊ ကျောက်မဲတိုးဂိတ်မှာလည်း အစစ်အဆေးကြမ်းနေတယ်၊ ဖုန်းတွေလဲ စစ်တယ်၊ တချို့ဖမ်းခံရတာရှိ တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မိုင်းခွဲဖျက်ဆီးခံထားရကာ ထောက်ပို့လမ်းကြောင်းဖြတ်တောက်ခံထားရသည့် ကျင်းသီတံတားကို ပြု ပြင်ပြီးပါကသံချပ်ကာယာဉ်များအပါအဝင် အင်အားအလုံးအရင်းဖြင့် သီပေါ၊ လားရှိုးဘက်သို့ စစ်ကူပို့ ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းတစ်ခု။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article