26 C
Yangon

လားရှိုး-သိန္နီ လမ်းပိုင်းတွင် စစ်ကူလာသော စစ်သားများကို TNAL က ကြားဖြတ် တိုက်ခိုက်မှု သေနတ် ၄ လက်ရရှိ၊ သီပေါနှင့် နမ့်ခမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွား

Must read

လားရှိုး-သိန္နီ လမ်းပိုင်းတွင် စစ်ကူလာသော စစ်သားများကို TNAL က ကြားဖြတ် တိုက်ခိုက်မှု သေနတ် ၄ လက်ရရှိ၊ သီပေါနှင့် နမ့်ခမ်းတွင်လည်း တိုက်ပွဲများ ဖြစ်ပွား

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ်၊ လားရှိုး-သိန္နီ လမ်းပိုင်းတွင် စစ်ကူလာသော စစ်သားများကို TNAL က ကြားဖြတ် တိုက်ခိုက်မှု သေနတ် ၄ လက်ရရှိကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့တွင် လားရှိုးနှင့် သိန္နီ လမ်းပိုင်း ၁၃မိုင်နှင့် ၁၄ မိုင် အကြားတွင် စစ်ကူရောက် လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် သီပေါမြို့နယ်၊ ကျင်တီတံတားတွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အလားတူ နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်း၌ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ထောက်ပို့ယဥ် Y-12 ဖြင့် တိုက်ပွဲဖြစ်ပွားရာ လားရှိုးမြို့နယ် မိုင်းကျက်တပ်စခန်းဘက်တွင် ဗုံး ၄၅ လုံး ထက်မနည်း ကျဲချခဲ့ကြောင်း၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ အကြမ်းဖက် စစ်တပ်စခန်းမှ ယနေ့ မွန်းလွဲ ၁၁ နာရီ ၅၀ မိနစ်တွင် လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ရာ အောက်နမ့်ဟွယ်ကျေးရွာ၊ ဇေယျမင်္ဂလာဘုန်းကြီးကျောင်းတိုက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကိုရင်ကြီး ၁ ပါး ပေါင်နှစ်ဖက်လုံးတွင် ကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article