30 C
Yangon

ဂျကာတာတွင် စစ်ကောင်စီ၏ ကြားခံ ကိုယ်စားလှယ်များနှင့် တော်လှန်ရေးအင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှု အပြုသဘော တိုးတက်မှုရှိဟု အင်ဒိုနီးရှားပြောဆို

Must read

ဂျကာတာတွင် စစ်ကောင်စီ၏ ကြားခံ ကိုယ်စားလှယ်များနှင့် တော်လှန်ရေးအင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှု အပြုသဘော တိုးတက်မှုရှိဟု အင်ဒိုနီးရှားပြောဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှား အစိုးရက ကမကထ လုပ်၍ စစ်ကောင်စီ၏ ကြားခံ ကိုယ်စားလှယ်များနှင့် NUG ၊ တိုင်းရင်းသားအင်အားစုများ အပါအဝင် တော်လှန်ရေးအင်အားစုတချို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ရာ အပြုသဘောတိုးတက်မှုရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် အင်ဒိုနီးရှားအစိုးရက ဦးစီး၍ ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ဒီမိုကရေစီ လိုလားသည့် အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ (NUG) တို့ ပါဝင်တက်ရောက်ခဲ့ပြီး စစ်ကောင်စီဘက်ကမူ ကြားခံ ကိုယ်စားလှယ် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အပေါ် အခြေခံထားသည့် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် ရည်ရွယ်ချက်အနေဖြင့် အားလုံးပါဝင်သည့် ဆွေးနွေးပွဲများ ပြုလုပ်ရန်၊ အကြမ်းဖက်မှုများ လျှော့ချရန်၊ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် တို့ဖြစ်ကြောင်း သိရှိရသည်။

အာဆီယံအထူးကိုယ်စားလှယ်ရုံးအနေဖြင့် ဖြစ်နိုင်ခြေရှိသည့် ပဏာမ တွေ့ဆုံဆွေးနွေးမှုများထံသို့ လမ်းခင်းပေးနိုင်ရေးအတွက် အဖွဲ့များအကြား အပြန်အလှန်သတင်းစကားပါးနိုင်ရေး ကြားဝင်ဆောင်ရွက်ပေးနေသည်ဟု ထုတ်ပြန်ပြောဆိုသည်။

“မကြာခင်မှာ အားလုံးပါဝင်ပြီး စစ်မှန်တဲ့ နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်ခြေကို အပြုသဘောဆောင်တဲ့ အရိပ်အယောင်တွေ ပြသခဲ့ပါတယ်”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူက “မှန်ကန်ပြီး စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ထားသော်လည်း အနာဂတ် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်အတွက် နေရာမရှိကြောင်း၊ စစ်တပ်သည် အရပ်သားအစိုးရ၏ လက်အောက်ခံ ဖြစ်ရမည်ဟု ရိုက်တာသတင်းဌာနထံသို့ ပြောဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီကမူ NUG ကို အကြမ်းဖက်သမားများဟု ကြေညာထားပြီး အကြမ်းဖက်သမားများနှင့်တွေ့ဆုံ ဆွေးနွေးမည်မဟုတ်ကြောင်း တရားဝင် ကြေညာထားသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံအတွင်းမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo – EPA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article