30 C
Yangon

ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

Must read

ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းမှ ရဲ ၂ ဦးနှင့် ပျူစောထီး ၁ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင် လာကြောင်း ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကနီမြို့ပေါ်ရှိ ရဲစခန်း၌ တာဝန်ထမ်းဆောင်နေသော အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ တပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် နိုဝင်ဘာလ ၁၉ ရက်၊ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ယင်းမာပင် ခရိုင် တပ်ရင်း ၃၀ ထံ လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင်ကျည် အတောင့် ၂၀၀၊ 5.56 ကျည် ၁၂၂ တောင့် ကျည်ဘောက် ၂ ခု၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ G3 ကျည် ၁၅၆ တောင့် ယူဆောင်လာခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article