27.1 C
Yangon

ရန်ကုန်တိုင်း၊ ခရမ်းနှင့် သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းဂိတ်နှင့် ရေကျော်ကျောင်းတို့ကို ဒရုန်း၊ ၄၀ မမ တို့ဖြင့် ခရမ်း-PDF ပစ်ခတ်တိုက်ခိုက်မှု ရဲတချို့ ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်တိုင်း၊ ခရမ်းနှင့် သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းဂိတ်နှင့် ရေကျော်ကျောင်းတို့ကို ဒရုန်း၊ ၄၀ မမ တို့ဖြင့် ခရမ်း-PDF ပစ်ခတ်တိုက်ခိုက်မှု ရဲတချို့ ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ ခရမ်းနှင့် သုံးခွမြို့နယ်ရဲစခန်း၊ စစ်တပ်တပ်စွဲထားသော ဆည်မြောင်းဂိတ်နှင့် ရေကျော်ကျောင်းတို့ကို ဒရုန်း၊ ၄၀ မမ ဖြင့် ခရမ်း-PDFက ပစ်ခတ်တိုက်ခိုက်ရာ ရဲတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ခရမ်း PDF နှင့် ဒေသပြည်သူတချို့ထံမှ သိရှိရသည်။

ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ခရမ်းရဲစခန်းကို ပြင်းအားမြင့်ဗုံးသီးတစ်လုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ရေကျော်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ပြင်းအားမြင့်ဗုံးသီးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဆည်မြောင်း(ကျုံမရေ)စစ်ဆေးရေးဂိတ်အား ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်က သုံးခွမြို့နယ် မြို့နယ်ရဲစခန်းကိုလည်း သုံးခွမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းပြီး ၄၀ မမ ဗုံးသီးသုံးလုံးဖြင့် အသီးသီးစီ ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ခရမ်း-PDF တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ခရမ်းမြို့နယ်ရဲစခန်း၊ သုံးခွမြို့နယ်ရဲစခန်း၊ ဆည်မြောင်းစစ်ဆေးရေးဂိတ်နှင့် ရေကျော်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကို ၄၀ မမ၊ ပြင်းအားမြင့်ဗုံးများဖြင့် တစ်နေ့တည်း တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ဆောင်ရွက်ခဲ့ကြောင်း ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF Khayan)က ပြောသည်။

“ခရမ်း ရဲစခန်း ပြင်းအားမြင့်ဗုံး၊ ရေကျော်ကျောင်း ပြင်းအားမြင့်ဗုံး၊ ဆည်မြောင်းကို ၄၀ မမ နဲ့ တိုက်ခိုက်ခဲ့ပြီး သုံးခွရဲစခန်းကိုတော့ သုံးခွပကဖနဲ့ပူးပေါင်းပြီး ၄၀ မမ ၃ လုံးကျွေးခဲ့ပါတယ်၊ တစ်ချိန်တည်းဆောင်ရွက်ခဲ့တာပါ။ ရဲဘော်တွေအားလုံး အထိအခိုက်မရှိ အောင်အောင်မြင်မြင် ပြန်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်” ဟု ခရမ်း-PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဘက် ထိခိုက်ကျဆုံးမှုများရှိနေသော်လည်း အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း၊ သုံးခွမြို့နယ်ရဲစခန်းတွင် ရဲတစ်ဦး ထိခိုက်သည်ဟု သိရှိရကြောင်း ခရမ်း PDF က ဆိုသည်။

ဓာတ်ပုံ- ခရမ်းမြို့အဝင်အထွက်ဂိတ်ကို စစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (၂၀၂၀ ကာလ ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article