33 C
Yangon

နမ့်ခမ်း၊ နောင်ချိုနှင့် မူဆယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

နမ့်ခမ်း၊ နောင်ချိုနှင့် မူဆယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်း၊ နောင်ချိုနှင့် မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စခန်းသစ် တပ်စခန်းကုန်းကို တအာင်းတပ်မတော် PSLF/TNLA က ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် နောင်ချိုမြို့နယ် သံဘိုကျေးရွာအနီးတဝိုက်တွင် ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ် အချိန်အထိ အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ သင်ကုန်ကျေးရွာ နှင့် ရေဝင်ကျေးရွာ အကြားတွင် ယနေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော် PSLF/TNLA၊ MDY ၊ PDF ပူးပေါင်းတပ်ဖွဲ့များတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ မူဆယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ၁၀၅ မိုင် တပ်စခန်းကိုလည်း မွန်းလွဲ ၁၂ နာရီခန့်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် MNDAA၊ AA ၊ TNLA တို့က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က မူဆယ်မြို့နယ်ရှိ ၁၀၅ မိုင် တပ်စခန်းဘက်ကို Mi35 ၊ Jet Fighter တို့ဖြင့် ၃ ကြိမ် တိုက်ပွဲဖြစ်ပွားရာနေရာကို ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ နမ့်ခမ်းမြို့နယ်ရှိ စစ်တပ် စခန်းသစ်ကုန်းဘက်ကိုလည်း Jet Fighter ဖြင့် ၇ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နမ့်ခမ်းမြို့နယ်၊ ရွှေလီ-မန်ဝိန်း တံတားကြီးဘက်ကို ယနေ့ မွန်းလွဲ ၁ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မူဆယ်မြို့နယ်၊ ကျင်စန်းကျော့ဂိတ်အနီးတဝိုက်ကိုလည်း ယနေ့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က Jet Fighter ဖြင့် ၁ ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ်ရှိ ကျင်တီတံတားဘက်၊ အေရှာဝေါတိုးဂိတ်အနီးတဝိုက်၊ ငြိမ်းချမ်းရေးကုန်း၊ ကြူရှောကျေးရွာဘက်နှင့် နောင်ပြစ်ကျေးရွာအနီးတဝိုက်၊ ကွတ်ခိုင်မြို့နယ်ရှိ နမ့်ခမ်း စခန်းသစ်ကုန်းဘက်၊ လားရှိုးမြို့နယ်ရှိ ပန်ဟုံကျေးရွာ၊ ပန်းထိုလင်၊ ပိန်ခန်းကျေးရွာဘက်နှင့် မန်ကျန်ကျေးရွာအနီးတဝိုက်တို့ကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ၄၄ ကြိမ် ပစ်ခတ် ခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article