ကျောမြို့ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု ရဲမေ ၁ ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံး၊ ထီးလင်းမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ
ရန်ကုန်၊ ဒီဇင်ဘာ ၆
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ပကစ ၂၃ အနီးရှိ ကျောမြို့ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့ ဝင် များ ဝင်ရောက်တိုက်ခိုက်လျက်ရှိကာ ရဲမေတစ်ဦးနှ့င် ပျူစောထီးတစ်ဦး သေဆုံးပြီး ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတိုက်ပွဲ တွင် စစ်တပ်က လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်နေ့က ကျောမြို့ရှိ ရဲစခန်းကို ဒေသာကွယ်ရေးတပ်ဖွဲ့ များက ဒရုန်းဖြင့် ဗုံးကျဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲမေတစ်ဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း၊ လက်နက် ကြီး၊ လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်သံများလည်း ကြားနေခဲ့ရပြီး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ ကပစ ၂၃ တပ်မှ အတွင်းမှ စစ်သားများလည်း စစ်ကူလာရောက်ခဲ့ပြီး လမ်းများကို ပိတ်ဆို့ထား ကြောင်း သိရသည်။
“မနေ့က ကျောရဲစခန်း ဒရုန်းနဲ့ ဗုံးကျဲခံရတယ်၊ ရဲမေတစ်ယောက်သေတယ်၊ ပစ်ခတ် သံ တွေ ကြားနေရတာ၊ ကပစ ၂၃ တပ်ထဲကနေ စစ်ကူတွေလည်း အခုပဲ သွားနေကြတယ်၊ တိုက်ပွဲကတော့ ပြီးသွားပြီး၊ ရဲမေတစ်ယောက်နဲ့ ပျူစောထီးတစ်ဦးယောက် သေတယ်လို့ သိရတယ်၊ ကျန်တာတော့ အတိအကျမသိရဘူး၊ စစ်ခွေးတွေက လမ်း တွေ ပိတ် ဆို့ထားတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံ သို့ ပြောကြားသည်။
အလားတူ ဒီဇင်ဘာလ ၄ ရက်နေ့က ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာ အနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူ ပေးတိုက်ခိုက်နေခဲ့ ကြောင်း သိရသည်။
“ရေမျက်နီမှာက ၄ ရက်နေ့က ဖြစ်တာ၊ အဲနေ့ကဆိုရင် လေယာဉ်တွေ လာလိုက်ပြန် လိုက်နဲ့ တနေ ကုန်ပဲ၊ အခုထိလည်း မပြီးသေးဘူး၊ တိုက်ပွဲက ဆက်ဖြစ်နေတုန်းပဲ၊ မနေ့ည တော့ စစ်သားတွေ တဝက်က အလံဖြူထောင်ပြီး တဝက်က ဝင်တိုက်တာ၊ PDF တွေ ထိတယ်လို့ ကြားတယ်၊ ဒီကြားထဲ ဖုန်းလိုင်းကလည်း ပြတ်တောက်ပြတ် တောက်နဲ့၊” ဟု ဒေသနေ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။
Photo – နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)
