မြဝတီ-ကော့ကရိတ် လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် လမ်းပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ်ထားပြီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ကျားသစ်နက် တပ်မတော် စစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီ၏ စစ်အုပ်စု အာဏာတည်မြဲရေး အတွက် အသုံးချခြင်း၊ စစ်အင်အားဖြည့် တင်းခြင်းလုပ် ဆောင်လျက်ရှိသည့် မြဝတီ-ကော့ကရိတ် လမ်းပိုင်းကို နိုဝင်ဘာလနှောင်းပိုင်းမှစ၍ NUG MOD တောင်ပိုင်းစစ်ဒေသ လက်အောက်ခံ ကျားသစ်နက်စစ်ကြောင်းနှင့်အတူ မဟာမိတ် အဖွဲ့များမှ ပူးပေါင်းကာ ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို ထိန်းချုပ်လိုက်ပါပြီ၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းကို အသုံးပြုပြီး တော့ စစ်အင်အားဖြည့်တင်းတာတွေလုပ်၊ ပြည်သူကို ဒုက္ခအမျိုးမျိုးပေးနေတဲ့အတွက် ပြည်သူလူထု အကျိုးကို ရှေရှုပြီး လမ်းပိုင်းကို ထိန်းချုပ်ရခြင်းဖြစ်ပါတယ်” ဟု ကျားသစ်နက်စစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။