28 C
Yangon

နွားထိုးကြီးမြို့နယ်၊ ရွာသာအေးရွာ စာသင်ကျောင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြိုင်မြို့တွင် စစ်ကားကို တိုက်ခိုက်မှု စစ်သား ၂ ဦးဆုံး

Must read

နွားထိုးကြီးမြို့နယ်၊ ရွာသာအေးရွာ စာသင်ကျောင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ မြိုင်မြို့တွင် စစ်ကားကို တိုက်ခိုက်မှု စစ်သား ၂ ဦးဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာ စာသင်ကျောင်းဝင်းအတွင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရွာသာအေးကျေးရွာ စာသင်ကျောင်းဝင်းအတွင်းရှိ အကြမ်းဖက် စစ်သား ၅၀ ခန့်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နွားထိုးကြီး ပ.က.ဖ)နှင့်အတူ Natogyi People Defence Force မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း (NPDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့၊ ကိုးဆောင်ဘုန်းကြီးကျောင်းမှ ဆင်းလာသော စစ်ကားကို တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် စစ်သား ၃၀ ခန့် လိုက်ပါသော စစ်ကားကို တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ တိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်ဖြင့် နောက်ကြောင်း ပြန်ဆုတ်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article