27 C
Yangon

လောက်ကိုင်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှု ခံနေရသည့် အရပ်သားပြည်သူ ၃ ဦးကို MNDAA က ကယ်ထုတ်

Must read

လောက်ကိုင်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှု ခံနေရသည့် အရပ်သားပြည်သူ ၃ ဦးကို MNDAA က ကယ်ထုတ်

ရန်ကုန် | ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ၊ တုန်ချိန်ရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖြတ်သန်းဖို့ ရောက်ရှိလာတဲ့ အရပ်သား ၃ဦးပါကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အဆိုပါအရပ်သားတွေ အသက်ဘေးလွတ်အောင် တန်ပြန်တိုက်ခိုက်ပြီး အရေးပေါ် ကယ်ဆယ်ခဲ့ရတယ်လို့ ကိုးကန့်တပ် MNDAAက ပြောပါတယ်။

ဒီဇင်ဘာလ ၈ရက်နေ့ မနက်ပိုင်းက လောက်ကိုင်ကနေ နန့်တစ်ဒေသကို ထွက်ခွာလာတဲ့ စစ်ဘေးရှောင် အရပ်သား၃ဦးရဲ့ ကားတစီးကို တုန်ချိန်ရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ စစ်သားတွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ အရပ်သား ၃ဦးပါဝင်တဲ့ ကားတစီးကို တုန်ချိန်ရပ်ကွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်က ထွက်ခွာခွင့်မပေးလို့ ကားပြန်လှည့်ချိန် ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာလို့ MNDAAက ဆိုပါတယ်။

စစ်ဆေးရေးဂိတ်က စစ်သားတွေ ပစ်ခတ်လို့ ကားဘီးတွေထိမှန်ဘီးပေါက်ပြီး ကားမှောက်ချိန်မှာ MNDAAတပ်က ရှေ့တန်းရောက်တပ်ဖွဲ့ဝင်တွေ တန်ပြန်ပစ်ခတ်တိုက်ခိုက်ပြီး အဆိုပါ အရပ်သားတွေကို အရေးပေါ် ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ MNDAAက တန်ပြန်ပစ်ခတ်တိုက်ခိုက်မှုကို အရှိန်မြှင့်လုပ်ဆောင်ပြီး အဆိုပါ အရပ်သား ၃ဦးကို ကားပေါ်ကနေ ဘေးလွတ်ရာကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

MNDAAကယ်တင်ခဲ့ရတဲ့ အရပ်သား ၃ ဦးမှာ ညာဘက်ခြေထောက် ကျည်ထိမှန်တာ၊ နဖူးမှာကျည်ထိမှန်တာ (ကျည်ရှပ်ထိခြင်းဟု ယူဆရ) နဲ့ နာဖူး ၊ ညာဘက်ပေါင်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အရပ်သား ၃ဦးကို MNDAAက နောက်တန်းကို ပို့ဆောင်ပြီး ဆေးကုသတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဘက်ကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဓတ်ပုံ – စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်တာကြုံတွေ့ခဲ့ရတဲ့ စစ်ဘေးရှောင်အရပ်သားများ/ The Kokang။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article