Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-လတ်တလော တွေ့မြင်နေရတဲ့ သတင်းတချို့ကြောင့် မြန်မာပြည်သူတွေ စိုးရိမ် ပူပန်မှု ရှိနေတဲ့ အပေါ် သိရှိထားပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လိုက် တဲ့အပြင် ၊ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ရည်မှန်းချက်ကို မည်သည့်အခါမှ လျစ်လျူရှုမှာ မဟုတ်ဘူးလို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်တဲ့ မနေ့ကညပိုင်းမှာပဲ တရားဝင် ကြေညာလိုက်ပါတယ်။
– စစ်အာဏာရှင် အမြစ်ဖြတ်ရေးအတွက် NUG နဲ့ တိုင်းရင်းသား တော်လှန်ရေးတပ် ERO တွေအကြား နိုင်ငံရေး၊ စစ်ရေး၊ မဟာဗျူဟာပိုင်း ညှိနှိုင်းဆောင်ရွက်မှုတွေ တောက်လျှောက်ရှိနေပြီး၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူတွေကို တရားဝင် ထုတ်ဖော်ပြောဆို အသိပေးလိုက်ပါတယ်။
– စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က မော်လူးမြို့ကို KIA ၊ PDF ၊ ABSDF အပါအဝင် တော်လှန်ရေး တပ်ပေါင်းစုကနေ တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။