Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့မရဲစခန်းကနေ ထွက်ပြေးသွားတဲ့ ဒုရဲမှူးကြီး ထွန်းစိုးသိန်း ဦးဆောင်တဲ့ အင်အား ၂၀ ပါ စစ်ကြောင်းနဲ့ ကွန်မန်ဒိုကုန်းက ဗိုလ်ကြီး ကျော်သူထွေး ဦးစီးတဲ့ အင်အား ၂၀ နီးပါးပါ စစ်ကြောင်း အားလုံး စုစုပေါင်း အယောက် ၄၀ ဝန်းကျင်လုံး တိုက်ပွဲမှာ အသီးသီးသေသွားသွားကြပြီလို့ TNLA သတင်းရင်းမြစ်က ပြောပါတယ်။
– နမ့်ခမ်းမြို့နယ်ဘက်မှာလည်း အကြမ်းဖက် စစ်တပ်ရဲ့ စခန်းသစ်ကုန်း မကျရေး အတွက် စစ်ကောင်စီက ရဟတ် ယာဉ်နဲ့ စစ်ကူချပေးခဲ့တဲ့ အင်အား ၁၀၀ နီးပါး စစ်ကြောင်းကိုလည်း TNLA ကနေ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား အသေများသွားပြီး၊ ဖရိုဖရဲနဲ့ထွက်ပြေးနေကြသလို လက်နက်ခဲယမ်းအမြောက် အမြားကိုလည်း သိမ်းဆည်းရရှိထားတယ်လို့ TNLA ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
– ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာ ရဲစခန်းကို KNLA ၊ PDF အပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့ မနက်ပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က အယောက် ၃၀ ဝန်းကျင် သေသွားပြီး လက်နက်ခဲယမ်းအမြောက်အများကိုပါ သိမ်းပိုက်ရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။