26 C
Yangon

မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေ

Must read

မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ် အနီးတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှ စ၍ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မြောက်ဦး ရဲတပ်ရင်းဌာနချုပ် အနီးတစ်ဝိုက်နှင့် ချောင်းသစ်ကျေးရွာနား အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“မြောက်ဦး ရဲတပ်ရပ်နား တစ်ဝိုက် လေယာဉ်တွေနဲ့ ပစ်နေတယ်။ ချောင်းသစ်ကျေးရွာအနား။ ညနေ ၅ နာရီလောက်က ။ တိုက်ပွဲဖြစ်တာဗျ။ စစ်ကောင်စီကတော့ လေယာဉ်‌တွေနဲ့ ဗုံးချနေတယ်။ ရမ်းသမ်းပြီး ပစ်နေတာတော့ ၂ ရက်‌ ရှိပြီ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

မြောက်ဦးမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများဖြစ်သည့် ပရိန်ကုန်းကျေးရွာ၊ မောင်သာကုန်းကျေးရွာ၊ ပိပင်ကုန်းကျေးရွာ၊ ကျောက်တွင်းကုန်းကျေးရွာ၊ မြက်ရိပ်ကျွန်းကျေးရွာများရှိ ပြည်သူများက အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် တိမ်းရှောင်နေရသည်မှာ ၂ ရက်ခန့် ရှိပြီဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းတွင် ပစ်ခတ်သည့် လက်နက်ကြီးသည် ဂုဏ်ကျွန်းကျေးရွာ အနောက်ဘက်သို့ ကျရောက်ပြီး နွားကျောင်းနေသည့် ပြည်သူ တစ်ဦး မျက်စိ ထိခိုက်ဒဏ်ရာရကာ နွားတစ်ကောင် သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article