သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မှ တော်လှန်ရေး ရဲဘော်များ နယ်မြေကွင်းဆင်း၍ ဒေသ ပြည်သူများနှင့် တွေ့ဆုံ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တပ်ခွဲမှူး ရဲဘော်ဒေဝ ဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် နယ်မြေကွင်းဆင်း၍ ဒေသ ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ နယ်မြေကွင်းဆင်း တွေ့ဆုံရာတွင် ပြည်သူများအား တိုက်ပွဲများ ဖြစ်ပွားလာလျှင် သိသင့်သိထိုက်သည့် ဆောင်ရန်ရှောင်ရန်များ၊ စကစများ၏ လေကြောင်းတိုက်ခိုက်မှုများ ကြုံလာပါက သတိထားရမည့် အချက်များအား ပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည်သူများမှလည်း တော်လှန်ရေးရဲဘော်များ မိမိတို့ဒေသကို ယခုလို ရောက်ရှိလာကြ၍ ဝမ်းမြှောက်ဝမ်းသာရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးရဲဘော်များ ကျန်းမာပါစေကြောင်း ဆုတောင်းစကားများ ပြောကြားခဲ့ကြပြီး ပြည်သူများ သိလိုသည့် မေးမြန်းချက်များကို တပ်ဖွဲ့တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။