27 C
Yangon

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွား

Must read

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွား

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ပြည်သူပိုင် ပစ္စည်းများကို ဓားပြတိုက် ခိုးယူသွားကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာထဲကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃၀ ခန့်မှ ငွေသား သိန်း ၁၃၀ ကျော်၊ ရွှေ ၉ ကျပ်သား၊ ဆိုင်ကယ် ၆ စီးနှင့် ဘေးတွဲ ဆိုင်ကယ် ၁ စီး၊ ဖုန်းအလုံးရေ ၂၀ ကျော်ကို ဓားပြတိုက် ခိုးယူသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ည ၁၁ နာရီကျော်ခန့်တွင် လောင်းလုံးမြို့ပေါ်မှ ကား ၅ စီးဖြင့် ဆင်းလာပြီး ညင်းမော်ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ည ၁၂ နာရီကျော်ခန့်တွင် လောင်းလုံးမြို့ပေါ်ကို ပြန်တက်သွားကြောင်း သိရှိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ စစ်ခွေးတွေက ရာဘာစေးခြစ်ဖို့သွားတဲ့ ပြည်သူတွေကိုတော့ လိုက်ပစ်တာတော့ရှိတယ်။ ထိတော့မထိဘူး အကုန်လုံးလွတ်သွားတယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article