22.9 C
Yangon

မြိတ်မြို့၊ ကိုးကန့် ၊ မြောက်ဦးနှင့် မင်းပြားတို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

မြိတ်မြို့၊ ကိုးကန့် ၊ မြောက်ဦးနှင့် မင်းပြားတို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်ရပ်ကွက်တွင် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်း စစ်ကောင်စီက အင်အား အလုံးအရင်းနှင့် ဝင်ရောက် ရှာဖွေ ဖမ်းဆီး စစ်ဆေးသောကြောင့် ဒေသခံ အချို့ ကြောက်လန့်ထွက်ပြေးကြရာ စစ်ကောင်စီ တပ်သားများက ပစ်ခတ်မှုကြောင့် အမျိုးသား တစ်ဦး သေနတ် ထိမှန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။

“ဒီဇင်ဘာ ၁၂ ရက်နေ့ ညက အင်းလေးမြိုင်ရပ်ကွက်မှာ စစ်တပ်က ဘာကြောင့်လဲ မသိဘူး၊ စစ်ကားတွေနဲ့ လာပြီး လမ်းမီးတွေ ပိတ်ပြီး ဝင်ဖမ်းလို့ ထွက်ပြေးတာ ပြေးလို့ ဆိုပြီး သေနတ်နဲ့ ပစ်လိုက်တာ လူ တစ်ဦး ထိသွားတယ်၊ သေတော့ မသေးဘူး”လို့ ယင်း ရပ်ကွက်နေ ဒေသခံ တစ်ဦးက ပြော သည်။

ထိုသို့ စစ်ကောင်စီက အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီး စစ်ဆေးပြီးနောက် ဒေသပြည်သူ ၄ ဦး ထက် မနည်းကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် ကိုးကန့်ခရိုင်၊ ဟဲ့လုံထန်ပရွာမှ အရပ်သားတစ်ဦးသည် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး ဒဏ်ရာရရှိကြောင်း The Kokangက သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် စစ်ဘေးရှောင် ဦးကျုပ်တာဖူသည် ဟဲ့လုံထန်ရွာရှိ နေအိမ်သို့ ပြန်သွားကြည့်ရှုရာ အိမ်ဘေးတွင် စစ်ကောင်စီတပ်က ထောင်ခဲ့သောမိုင်းကို နင်းမိပြီး ပေါက်ကွဲခဲ့ကာ ဝဲဘက်လက် ၊ ယာဘက်ခြေထောက်နှင့် ဦးခေါင်းများ ထိမိဒဏ်ရာရရှိခဲ့ကာ ဝဲဘက်ခြေထောက်လည်း ကျိုးသွား ခဲ့ရကြောင်း၊ MNDAA မှ ကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ပြီး ဦးကျုပ်တာဖူကို အ‌ရေးပေါ်ကုသပေးခဲ့ရကြောင်း၊ လက်ရှိအချိန်တွင်င ဦးကျုပ်တာဖူကို အိမ်နီးချင်း တရုတ်နိုင်ငံသို့ ပို့ဆောင် ဆေးကုသစေကြောင်း သိရှိရသည်။

ထို့အတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန် ဘူးသီးတောင်မြိုအခြေစိုက် ခမရ ၅၆၅ တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၄ လုံးထဲမှ ၁ လုံးသည် ဘူးသီးတောင်မြိုနယ်၊ ပြည်ရှည်‌ကျေးရွာ၏ အရှေ့ဘက် မီတာ (၂၀၀) ခန့်အကွာအဝေးတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အခြားလက်နက်ကြီးကျည် နောက် ၁ လုံးမှာ ဘူးသီးတောင်မြိုနယ်၊ သရက္ကင်းမနူး အုပ်စု၊ ကြက်မောက်တောင်ရွာ၊ သင်္ချိုင်းအနီး၌ ကျရောက်ပေါက်ကွဲခဲ့ပြီး နွား‌ကျောင်းနေသည့် အသက် (၁၁) နှစ်အရွယ် မူဆလင်က‌လေးငယ် (၁) ဦး၏ ညာဘက်ပေါင်တွင် လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၁ မိနစ်အချိန် မင်းပြားမြိုနယ်၊ တောင်ဦးမော်စေတီတွင်း အခြေချထားသည့် ခမရ ၅၄၁ မှ တပ်ရင်းမှ မြစ်တွင်းသွားလာနေ‌သော စက်လှေ၊ သမ္ဗာန်လှေများနှင့် မြိုအနီးတဝိုက် သွားလာနေကြသည့် ဆိုင်ကယ်၊ ခရီးသည်ယာဉ်ငယ်များအား စက်သေနတ်များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ဘေးရှောင် ဦးကျုပ်တာဖူသည် ကိုးကန့်၊ ဟဲ့လုံထန်ရွာရှိ နေအိမ်သို့ ပြန်စဉ် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး ဒဏ်ရာရရှိထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article