27 C
Yangon

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ကိုးကန့် MNDAA ၊ တအန်းတပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ပါဝင်တဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ရခိုင် နဲ့ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၄၂၂ ခု နဲ့ မြို့ပေါင်း ၇ ခုကို သိမ်းပိုက်ထားပြီး တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ရဲ့ သတင်းရင်းမြစ်ရဲ့ ပြောဆိုအတည် ပြုချက်နဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။

– မွန်ပြည်နယ်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေကို စုစည်းပြီး မွန်ပြည်နယ်တပ်အဖြစ် ဖွဲ့စည်းပြီးတော့ အကြမ်းဖက် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းသွားမှာဖြစ်တယ်လို့

မွန်ပြည် ဖက်ဒရယ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– အကြမ်းဖက် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေဆီကို စက်သုံးဆီ မရောက်အောင်ဆိုပြီး နယ်ဒေသက ဆီတင်ယာဉ်တွေ အားလုံးကို (မျော) လို့ခေါ်တဲ့ ဆီသယ်ခွင့် လက်မှတ် လုပ်ခိုင်း ထားပြီး ၊ မျော မပါဘဲ ဆီသယ်ရင် ဖမ်းဆီးထောင်ချ အရေးယူမယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်နေ တယ်လို့ နယ်ဒေသမှာရှိတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article