27 C
Yangon

ဟားခါးတွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါ တို့ကို ဖမ်းဆီးရရှိ

Must read

ဟားခါးတွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါ တို့ကို ဖမ်းဆီးရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တွင် အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အဖော်ဖြစ်သူတို့ကို ချင်းတော်လှန်ရေးတပ်များက ဖမ်းဆီးရရှိကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁၈ ရက်နေ့ ချင်းအမျိုးသားတပ်မတော် CNA က အရာခံဗိုလ်ဟောင်း စစ်ထောက်လှမ်းရေးနှင့် အပေါင်းအပါတို့ကို ဖမ်းဆီးရရှိခြင်းဖြစ် ကြောင်း၊ ဒုအရာခံဗိုလ်သည် ခလရ ၂၆၆ ခြေလျင်တပ်ရင်းမှ ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် တပ်မှ ထွက်ခဲ့ကြောင်း၊ စစ်မှုထမ်းဆောင်ရန် မသင့်ဟု ဆေးဘက်ဆိုင်ရာ တွေ့ရှိချက်ဖြင့် တပ်မှ အငြိမ်းစားယူခဲ့သူဖြစ်ကြောင်း၊ ၎င်းသည် စစ်တပ်တွင် ၁၉၈၀ ခုနှစ် ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီထံသို့ ဟားခါးတွင် ဖမ်းဆီးရရှိသည့် စစ်ထောက်လှမ်းရေး ၂ ဦးအကြောင်း ဆက်သွယ်မေးမြန်းသော်လည်း တစ်စုံတစ်ရာ ဖြေဆိုခြင်းမရှိပေ။

လူမှုကွန်ရက်တွင် ပြန့်နှံနေသော ဗီဒီယိုတွင် အရာခံဗိုလ်ဟောင်း စစ်ထောက် လှမ်းရေးနှင့် အပေါင်းအပါ ၂ ဦးကို ဖမ်းဆီးရရှိပြီး CNA မှ တာဝန်ရှိသူတချို့က စစ်ဆေးနေကာ အကြမ်းဖက် မင်းအောင်လှိုင်ကို ဆဲဆိုခိုင်းသဖြင့် ဖမ်းဆီးခံ စစ်ထောက်လှမ်းရေး အရာခံဗိုလ်ဟောင်းက ဆဲဆိုနေသည်ကို ဗီဒီယိုတွင် မြင်တွေ့ရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article