33 C
Yangon

မတူပီမြို့နယ်ရှိ စစ်တပ်၏ ထယ်ဘွေးစခန်းကို သိမ်းပိုက်ပြီးနောက် CDF Matupi အလံလွှင့်ထူ၊ စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိသည့် ကျေးရွာ ၂ ရွာကို ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံး

Must read

မတူပီမြို့နယ်ရှိ စစ်တပ်၏ ထယ်ဘွေးစခန်းကို သိမ်းပိုက်ပြီးနောက် CDF Matupi အလံလွှင့်ထူ၊ စစ်တပ်က တိုက်ပွဲဖြစ်ခြင်းမရှိသည့် ကျေးရွာ ၂ ရွာကို ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ထယ်ဘွေးစခန်းကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် CDF Matupi အလံလွှင့်ထူခဲ့ကြောင်း CDF Matupi တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၁၈ ရက် နံနက် ၇ နာရီခွဲခန့်ကစတင်ပြီး မတူပီ – ပလက်ဝလမ်းပေါ်၊ ထယ်ဘွေးကျေးရွာ ၌ အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ပြီးနောက် ည ပိုင်း တွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတ်သားများအားလုံး စခန်း စွန့် ခွာ ထွက်ပြေးသွားသဖြင့် စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရရှိသည့်စခန်းအတွင်း နှင့် အနီးပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“၁၈ ရက်နေ့ မနက် ၇ နာရီလောက်ကနေ ဒရုန်းနဲ့ တောက်လျှောက်ပစ်တော့ ည ၉ နာရီလောက်မှာ သူတို့က စခန်းစွန့်ပြီး အကုန်လုံးထွက်ပြေးကြတာ၊ အကုန်ထွက်ပြေးတာဆိုတော့ ဘယ်လောက်ကျ လဲဆိုတာ မသိရဘူး၊ အခုချိန်အထိတော့ မရှိဘူးလို့တော့ ယူဆရတောပေါ့၊ ဒါပေမယ့် သွေးတွေ၊ ဘာတွေတော့ တွေ့တယ်၊ ဘယ်လောက်သေတယ်၊ ဘယ်လောက်ဒဏ်ရာရတယ်ဆိုတာတော့ မတွေ့ လိုက်ရဘူး၊ ထွက်ပြေးနေတုန်း ပစ်ကြတာ၊ ညမှာကြီးဆိုတော့ အကုန်လုံးလွတ်သွားတာပေါ့၊ စခန်းထဲ ကနေ လက်နက်တွေအနည်းအကျဉ်းတော့ သိမ်းဆည်းရရှိခဲ့တာရှိပါတယ်” ဟု CDF Matupi တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေလျက်ရှိပြီး မတူပီ မြို့အတွင်း၌ လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူ များအနေ ဖြင့် အထူးသတိရှိရှိ နေထိုင်ကြပါရန် CDF Matupi က မေတ္တာရပ်ခံထားသည်။

“ဘာတွေဘယ်လောက် သိမ်းဆည်းရရှိခဲ့တယ်ဆိုတော့ နောက်မှ ပြန်ထုတ်သွားပါ့မယ်၊ အခုလော လောဆယ်တော့ အဲဒီစခန်းတဝိုက်မှာ နင်းမိုင်းတွေတော်တော်လေးများနေလို့ ရှင်းလင်းနေတာတွေ လုပ်နေလို့ အတိအကျတော့ ဖော်ပြလို့မရသေးဘူး၊လေယာဉ်နဲ့လာတိုက်တာက ကျနော်တို့ တိုက်ပွဲ ဖြစ်နေတဲ့နေရာကို လာတိုက်တာမဟုတ်ဘူး၊ ထယ်ဘွေးစခန်းနဲ့နီးတဲ့ လေဆင်ရွာနဲ့ ဗန်ကိုင်းရွာကို လေယာဉ်နဲ့ ၂ ကြိမ်ဗုံးလာကျဲတာ၊ လေယာဉ်နဲ့ကျဲတဲ့နေရာတွေက ပြည်သူတွေရှိတဲ့နေရာတွေပဲ၊” CDF Matupi တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ပွဲဖြစ်နေစဉ် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ ခန့်၌ ဗန်ကိုင်းကျေးရွာနှင့် လေဆင်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြာင်းမှ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံးကျဲတိုက်ခိုက်ခဲ့ရာ လေဆင်းရွာတွင် ပြည်သူများနေထိုင်ခြင်းမရှိသဖြင့် စာသင်ကျောင်းဆောင်ပျက်စီးခဲ့ကြောင်း၊ ဗန် ကိုင်းကျေးရွာတွင် ပြည်သူ ၄ ဦးသေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ (ဆင်ဖြူတိုက်ပွဲ)ကို CDF – Matupi ၊ CNO/CNDF ၊ CDF Mindat ၊ CDF – Lautu တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆလိုင်း ပီတာလိန်း ကျဆုံးခဲ့ ပြီး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article