24 C
Yangon

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့မစျေး မီးလောင် ပြာကျ

Must read

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မုန်းမြို့မစျေး မီးလောင် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ မြို့မစျေးကို စစ်ကောင်စီက လက် နက်ကြီးများ ပစ်ခတ်သဖြင့် စျေးမီးလောင်ပြီး ပြာကျသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း မုန်းမြို့ မြို့မစျေးအတွင်းသို့ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျရောက်ပြီး မီးစတင်လောင်ကျွမ်းကြောင်း၊ မီး လောင်ကျွမ်းမှုကြောင့် ဆိုင်ခန်း ၅၀ ထက်မနည်း ပြာကျသွားကြောင်း၊ မုန်းမြို့မစျေးအနီးတွင် စစ်တပ် လာရောက်တပ်စွဲထားပြီး ကင်းလှည့်မှု ရှိကြောင်း၊ ဒေသခံတချို့ကလည်း စစ်တပ်က မုန်းမြို့မစျေးကို ရည်ရွယ်ချက်ရှိရှိ လက် နက်ကြီးဖြင့် ပစ်ခတ်၍ မီးတင်ရှို့သည်ဟု ပြောဆိုကြကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

” မနေ့ မွန်းလွဲပိုင်းမှာ စစ်တပ်က ပစ်တဲ့လက်နက်ကြီးကျပြီး မီးလောင်တယ်လို့ ပြောသလို စစ်တပ်က မီးရှို့တယ်လို့လည်း ပြောကြတယ်။ ဆိုင်ခန်းပေါင်း ၅၀ ထက်မနည်း ပြာကျသွားတယ်။ “သားကြီး” ဖုန်းဆိုင်ကနေ မီးစလောင်တာ။ အဲ့မှာက စစ်ခွေးစစ် ကြောင်းက နေ့တိုင်း ဝင်ပြီး ကင်းလှည့်နေတာရှိတယ်။ မြို့က ပြည်သူတွေကတော့ အကုန်ထွက်ပြေးနေရတာ ဆိုတော့ အခြေအနေ အသေး စိတ်ကို မသိကြဘူး။ တချို့ ပြည်သူတွေက သူတို့ဆိုင်တွေ ရှိလို့ မကြာခဏ စျေးရဲ့ အနီးဆုံးမှာ သွားကြည့်နေကြတာဆိုတော့ အဖြစ်အပျက်ကို သိကြတယ်။ အဲဒီသူတွေကတော့ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီး မီးလောင်တာလို့ ပြောကြတယ်” ဟု မုန်းမြို့မှ စစ်ဘေးရှောင်နေရသူ ပရဟိတသမားတစ်ဦးက ရှင်းပြသည်။

မုန်းမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ အကြား နှစ်ဖက် စစ်ရေး ရင်ဆိုင်ထားကြပြီး မုန်းမြို့၏ နေရာအများစုကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း၊ မြို့မှ ပြည်သူ သောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

မုန်းမြို့ကို ဒီဇင်ဘာလ ၂ ရက်နေ့တွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့တွင် မြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article