မြိုင်ရှိ ကျေးရွာတစ်ရွာတွင် မြေပြင်တော်လှန်ရေးအခြေအနေများ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနှင့် တော်လှန်ရေးရုပ်ရှင်ပြသခြင်း ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၁
မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာရှိ ပြည်သူလူထုကို သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုတေဇာဆန်းနှင့် တော်လှန်အနုပညာရှင်ရဲဘော်များက လက်ရှိတော်လှန်ရေးအခြေအနေများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ရမည့် အခြေအနေများအား တင်ပြစည်းရုံးသည့် ဗီဒီယိုများကို ပြသခြင်းအပါအဝင် မြိုင်မြို့နယ်အခြေခံပညာအထွေသပိတ်ကော်မတီဝင်များက မြေပြင်တော်လှန်ရေးအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးခြင်းနှင့် တော်လှန်ရေးရုပ်ရှင်ပြသခြင်းများ ပြုလုပ်ခဲ့ကြသည်။