26 C
Yangon

စစ်ကောင်စီတပ်ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း

Must read

စစ်ကောင်စီတပ်ရဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

ညီနောင်မဟာသုံးဖွဲ့ နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ ဆင်နွဲ နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ စစ်ကောင်စီ တပ်တွေ လုပ်ဆောင်ခဲ့တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုနဲ့ စစ်ရာဇဝတ်မှု တွေကို စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)က တိုက်တွန်းလိုက်ပါတယ်။

မြန်မာ စစ်တပ်ဟာ အာဏာသိမ်းယူထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း ညီနောင်မဟာသုံးဖွဲ့ နဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေ ပါဝင်တွန်းလှန်တိုက်ခိုက်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မှာ အကြီးမားဆုံးစိန်ခေါ်မှုတွေ နဲ့ ကြုံတွေ့နေရပြီး အဆင်အချင်မဲ့ တုန့်ပြန်မှုတွေ နဲ့ ဖြတ်လေးဖြတ် ဗျူဟာတွေ လုပ်ဆောင်ခဲ့တာကြောင့် အရပ်သားတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့တယ်လို့ AI က ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် ကြာသာပတေးနေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ ဟာ အောက်တိုဘာ ၂၇ ရက်နေ့ ကစတင်ပြီး စစ်ဆင်ရေး ၁၀၂၇ ကို စတင်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ရခိုင်ပြည်နယ်တို့က စစ်တပ်ရဲ့ စခန်းရာချီ ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။

ညီနောင်မဟာ အဖွဲ့တွေရဲ့ စစ်ဆင်ရေး ကို မြန်မာစစ်တပ်က ပြန်လည်တုန့် ပြန်ရာမှာ စစ်ရေးပစ်မှတ် မဟုတ် တဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့သတ်ဖြတ်မှုတွေ နဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ AI က တောင်းဆိုခဲ့တာဖြစ်တယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း နဲ့ ရခိုင်ပြည်နယ်တို့မှာ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားနေပြီး ဖြတ်လေးဖြတ်ဗျူဟာလုပ်ဆောင်ရာမှာလည်း အရပ်သားတွေကို အဓိကထား တိုက်ခိုက်သလို ဖြစ်တယ်လို့ AI ကဆိုပါတယ်။

“ မြန်မာ စစ်တပ်ဟာ အရပ်သားတွေကိုအပေါ်စစ်ရာဇဝတ်မှုတွေ ဆိုးဆိုးရွားရွားကျူးလွန်တတ်တဲ့ရာဇဝင် ရှိပြီးသားပါ။ အခုလည်း ဆန့်ကျင်ဖက်အဖွဲ့အစည်းတွေရဲ့ ထိုးစစ်ကို တုန့်ပြန်ပုံက အရင်လုပ်ရပ်တွေ နဲ့ ဘာမှမခြားပါဘူး” လို့ AI ရဲ့ International’s Crisis Response Programme ဒါရိုက်တာ Matt Wells က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က ဒီဇင်ဘာလ ၁၅ ရက်နေ့ ထိ မြန်မာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခိုက်မှုတွေ နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၇၈ ဦးသေဆုံးခဲ့ပြီး ၅၀၅ ဦး ပြင်းထန်တဲ့ ဒဏ်ရာတွေရရှိခဲ့တယ်လို့လည်း AI အဖွဲ့ ကပြောပါတယ်။

စစ်ကောင်စီတပ် ဟာ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့စစ်ရေးလှုပ်ရှားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့ကြီးတွေကို လေယာဉ် အကြိမ်ပေါင်းများ စွာ ဗုံးကြဲချပြီး နိုင်ငံတကာ က တားမြစ်ထားတဲ့ လူပေါင်းများ စွာ အစုလိုက်အပြုံလိုက်သေဆုံးစေတဲ့ ဗုံးတွေကြဲချခဲ့တာဖြစ်တယ်လို့ AI ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် မှာလည်းမြန်စစ်တပ် က စစ်ရာဇဝတ်မှုများ စွာကျူးလွန်ခဲ့ပြီး ပေါက်တောမြို့နယ် က အရပ်သားတွေကို ရေတပ် နဲ့ လေတပ် ပါအသုံးပြုပြီးတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပေါက်တောမြို့ လောကထိပ်ပန် ဘုရားဝင်းအတွင်း မှာပုန်းခိုနေတဲ့ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအပါအဝင် အရပ်သားတွေသတ်ဖြတ်ခဲ့ပြီး အရပ်သား တစ်ရာကျော်ကို လက်ပြန်ကြိုးတုပ်ကာ လူသား ဒိုင်း အဖြစ်ဖမ်းဆီးမှုမျိုး တွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုအများစု ကို အများပြည်သူ အိပ်စက်အနားယူချိန် ညသန်းခေါင်ယံ အချိန်တွေ မှာ လုပ်ဆောင်တာကြောင့် လူအစုလိုက်အပြုံသေဆုံးမှုတွေ ပိုမိုဖြစ်ပေါ်စေတယ်လို့ AI က ဆိုပါတယ်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စိုးဝင်း လင်မယားစုံတွဲ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article