29 C
Yangon

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ တာယာစက်ရုံတွင် အလုပ်မလုပ်ချင်၍ ထွက်ခွာသူကို ခံဝန် စာချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲ၊ အင်းစိန်တရားရုံးက အလုပ်ထွက်သူကို ငွေကျပ် ၂၉ သိန်းနီးပါး ပေးလျှော်ရန် အမိန့်ချ

Must read

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၏ တာယာစက်ရုံတွင် အလုပ်မလုပ်ချင်၍ ထွက်ခွာသူကို ခံဝန် စာချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲ၊ အင်းစိန်တရားရုံးက အလုပ်ထွက်သူကို ငွေကျပ် ၂၉ သိန်းနီးပါး ပေးလျှော်ရန် အမိန့်ချ

■ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် အလုပ်မလိုသူများ များပြားလွန်း၍ စံပြအဖြစ် တရားစွဲဆို လျှော်ကြေးတောင်းပြ ၊ တရားရုံးကလည်း စစ်တပ် အလိုကျ ဆောင်ရွက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၂

အကြမ်းဖက်စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ၏ တယာစက်ရုံ(ရွာမ) တွင် အလုပ်မလုပ်မချင်၍ ထွက်သွားကြသူများကို အလုပ်သမားခံဝန်စာချုပ်ဖောက်ဖျက်မှုဖြင့် စက်ရုံက တရားစွဲရာ တရားရုံးက အလုပ်သမားကို ငွေကျပ် ၂၉ သိန်း နီးပါး ပေးလျှော်ရန် အမိန့်ချမှတ်ထားကြောင်း သိရှိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ မှစတင် ၍ ဦးအောင်ကိုကိုထက်သည် ဦးအောင်ထူးနှင့်ဒေါ်ခင်မာဦး အပါအဝင် အတူနေ မိသားစုများနှင့်အတူ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တာယာစက်ရုံ (ရွာမ)တွင် ၅ နှစ်တာဝန်ထမ်းဆောင်မည်ဆိုသော အလုပ်သမားစာချုပ်ဖြင့် အလုပ်လုပ်ခဲ့ကြောင်း၊ ယင်းနောက် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ ဦးအောင်ကိုကိုထက်က အလုပ်မဆင်းတော့ကြောင်း၊ စက်ရုံက လာရောက်ဖြေရှင်းရန် ၂ ကြိမ်ဆင့်ခေါ်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတာယာစက်ရုံ(ရွာမ)က အလုပ်သမားခံဝန် ဖောက်ဖျက်မှုဖြင့် အလုပ်ထွက်သွားသူ ဦးအောင်ကိုကိုထက်ကို ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၄ ရက်နေ့တွင် တရားစွဲဆိုကြောင်း ၊ အဆိုပါ စွဲဆိုချက်အတိုင်း အင်းစိန်မြို့နယ် တရားရုံးကလည်း စက်ရုံမှ အလုပ်ထွက်သူ ဦးအောင်ကိုကိုထက်သည် ၅ နှစ်တိတိ အလုပ်လုပ်ပါမည်ဆိုသော ခံဝန်ဖောက် ဖျက်သည်ဆိုကာ ငွေကျပ် ၂၈ သိန်း ၈ သောင်း ပေးလျှော်ရန် အမိန့်ချကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံမြန်မာစီးပွားရေးကော်ပိုရေးရှင်းမှာ အလုပ်မလိုကြလို့ ခွင့်မဲ့ ပျက်ကွက်တွေနဲ့ ထွက် ပြေးသူ များပြားနေလို့ သတိပေးစာတွေနဲ့ ခြိမ်းခြောက်နေတာ။ တရားစွဲပြတာ” ဟု အလုပ်သမား သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article