မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်၏ ခမရ ၄၀၆ တပ်ရင်းမှ စစ်သုံးပစ္စည်းများ သယ်ဆောင်လာသည့် ကား ၁ စီးကို ဖမ်းမိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ခမရ ၄၀၆ တပ်မှ စစ်သုံးပစ္စည်းများကို သယ်ဆောင်လာသည့် လိုက်ထရပ်ကားတစ်စီးကို ဖမ်းမိခဲ့ကြောင်း ဒုစစ်ဒေသခွဲ မှူးရုံး၊ စစ်ဒေသခွဲ ၃ ၊ တောင်ပိုင်းတိုင်း၊ JOC မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲခန့်က ရေးမြို့နယ်၊ ကနင်ကမော့နှင့် အောင်သာယာ ရွာကြား ပရယ်သားနေ၌ ပြည်ထောင်စုလမ်းကြီးပေါ်ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များ လုံခြုံရေးအတွက် စစ်ဆေးဆောင်ရွက်နေစဉ် ခမရ ၄၀၆ တပ်ရင်းမှ စစ်သုံးပစ္စည်းများ တင်ဆောင် လာသည့် လိုက်ထရပ်ကားတစ်စီးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းလိုက်ထရပ်ကားပေါ်မှာ စစ်ယူနီဖောင်း၊ စစ်ဝတ်တန်ဆာပလာ၊ ဆိုင် ကယ်နှစ်စီး၊ အိုးခွက်ပုဂံ၊ အဝတ်အစား၊ ရေခဲသေတ္တာနဲ့ စာရွက်စာတမ်းအချို့ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးကို စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမတစ်လျှောက် နယ်မြေစိုးမိုးရေး အတွက် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ဆေးဆောင်ရွက်လျက်ပြီး မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းကို အသုံးပြု သွားလာနေသည့် မော်တော်ယာဉ်များအနေဖြင့် စစ် ကောင်စီနင့် ပတ်သက်သူများ၊ ပစ္စည်းများ တင်ဆောင်ခြင်း မပြုလုပ်ရန်၊ ပြည်သူများအနေနှင့်လည်း စစ်ကောင်စီတပ်ယာဉ်များနှင့် လိုက်ပါစီးနင်းခြင်း မပြုလုပ်ကြရန် တိုက်တွန်းထားသည်။