29 C
Yangon

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပုန်းအောင်းနေသော မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးကို ဖမ်းဆီးပေးလျှင် ဆုကြေးငွေ ချီးမြှင့်မည်ဟု တရုတ်က ဖမ်း၀ရမ်းထုတ် ကြေညာ

Must read

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပုန်းအောင်းနေသော မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးကို ဖမ်းဆီးပေးလျှင် ဆုကြေးငွေ ချီးမြှင့်မည်ဟု တရုတ်က ဖမ်း၀ရမ်းထုတ် ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပုန်းအောင်းနေသော မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးကို ဖမ်းဆီးပေးလျှင် ဆုကြေးငွေ ချီးမြှင့်မည်ဟု တရုတ်အစိုးရ က ဖမ်း၀ရမ်းထုတ် ကြေညာသည်။

တရုတ်နိုင်ငံအနယ်နယ်အရပ်ရပ်မှ ပြည်သူ့လုံခြုံရေး ဌာနများက မူးယစ်ဆေးဝါး တရားခံပြေး Zhang Anlong နှင့် Zeng Xiaoyong အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ပုန်းအောင်းနေသော မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးအား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်လိုက်ကြောင်း၊ တရားခံ ၁၀ ဦးကို ဖမ်းဆီးပေးလျှင် တရုတ်ယွမ်ငွေ ၁ သိန်းမှ ၂ သိန်းအထိ အသီးသီးချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Binzhou မြို့ ပြည်သူ့လုံခြုံရေးဌာနက မူးယစ်ဆေးဝါးတရားခံပြေး Zhang Anlong ၊ Ma Wenxiang နှင့် Wu Yuyang တို့ကိုလည်းကောင်း၊ ဟူနန်ပြည်နယ် Zhuzhou မြို့ ပြည်သူ့လုံခြုံရေးဌာနက Yang Jinmei ကို လည်းကောင်း၊ ကျန်းစီပြည်နယ် Xingan ခရိုင် ပြည်သူ့လုံခြုံရေးဌာနက Zeng Xiaoyong ၊ Li Guoping နှင့် Sun Qiang တို့ကိုလည်းကောင်း၊ ကျဲ့ကျန်းပြည်နယ် Wenzhou မြို့ ပြည်သူ့လုံခြုံရေးဌာနက Yan Huanping အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း၊ စိချွမ်းပြည်နယ် Suining မြို့ ပြည်သူ့လုံခြုံရေးဌာနက Mu Chaodong ကိုလည်ကောင်း ကွေ့ကျိုးပြည်နယ် Qiandongnan ပြည်နယ်ခွဲ ပြည်သူ့လုံခြုံရေးဌာနက Long Hua အား ဆုကြေးငွေပေးပြီး ဖမ်းဝရမ်းထုတ်ကြောင်း သိရှိရသည်။

ဆုကြေးငွေ ထုတ်လိုက်သော မူးယစ်ဆေးဝါး တရားခံပြေး ၁၀ ဦးစလုံးသည် တရုတ်နိုင်ငံသားများဖြစ်ကြပြီး မြန်မာနိုင်ငံမြောက်ပိုင်း ဒေသတွင် လာရောက် ပုန်းအောင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- “၀” ပြည်နယ်အစိုးရက ကျားဖြန့်လုပ်ကိုင်သော တရုတ်နိုင်ငံသားများကို ဖမ်းဆီးပြီး တရုတ်ဘက်သို့ လွှဲပြောင်းပေးနေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article