29 C
Yangon

တမူးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိ

Must read

တမူးမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် တမူးမြို့နယ်၊ အောင်ဇေယျ-ဟုမ္မလင်း လမ်း၌ ဗိုလ်မှူး ဝင်းမင်းထွန်း (ဒု-တပ်ရင်းမှူး) ဦးစီးသော ခမရ-၃၀၉၊ SNA နှင့် ပျူစောထီး အင်အား ၃၅ ဦးပါ ပူးပေါင်း စစ်ကြောင်းကို အမှတ် ၁ စစ်ဒေသ အထူးလှုပ်ရှား တပ်ရင်းနှင့် KNA (B) ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက် ဒဏ်ရာရရှိကာ လက်နက်ငယ် ၆ လက်၊ ဗုံးသီး ၃၁ လုံး၊ ကျည်မျိုးစုံ ၂၃၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article