30 C
Yangon

ရွှေဘိုမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ မန္တလေးမြို့တွင် သိုးခြံမြို့မရဲစခန်းနှင့် လှည့်ကင်းကားကို ဗုံးခွဲ တိုက်ခိုက်

Must read

ရွှေဘိုမြို့တွင် ကင်းစောင့်နေသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး၊ မန္တလေးမြို့တွင် သိုးခြံမြို့မရဲစခန်းနှင့် လှည့်ကင်းကားကို ဗုံးခွဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ တောင်ဘက်အထွက်ရှိ ကင်းစောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် ပစ်ခတ်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီ ဝန်းကျင်ခန့်တွင် ရွှေဘိုမြို့တောင်အထွက်ရှိ ကင်းစောင့်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စစ်ခွေးတွေ အထိုင်ချတဲ့ နေရာနဲ့ မီတာ၂၀၀ ပဲဝေးတာ ကာကင်းသဘောမျိုး ထားထားတဲ့ နေရာကိုဝင်လုံးတာ သူတို့ဘက်က အထိုင်ကနေ ပစ်ကူပေးသေးတယ်။ တိုက်ခိုက်မှု အတွင်း စစ်ခွေး ၃ ကောင်သေတယ်” ဟု ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃တပ်ရင်း၊ တပ်ခွဲ ၁ NaungYoe Army ၊ Revulation Solider တပ်ခွဲ ၂ ၊ တာနောယက္ခ ၊ နွေဦးတမန် ၊ နဂါမင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ သိုးခြံမြို့မရဲစခန်းနှင့် လှည့်ကင်းကား ၂ စီးကို ‘ဝရဇီန်’ အထူးစစ်ဆင်ရေးအဖြစ် ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း CIVILMEDIA SRPST စစ်ရေးတာဝန်ခံစောဂျွန်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်း ၁ နာရီခွဲခန့်က မန္တလေးမြို့၊ ၃၅ လမ်းနှင့်မြို့ပတ်လမ်း၌ လှည့်ကင်းကား ၂ စီးကို လက်ပစ်ဗုံး ၂ လုံးဖြင့်လည်းကောင်း၊ အလားတူ ညနေ ၂ နာရီ ၄၅ မိနစ်တွင် ၆၂ လမ်း နှင့် ၁၁၅ လမ်းရှိ အဆင့်မြင့် သိုးခြံမြို့မရဲစခန်း၌ မန္တလေးတိုင်းမှူး၊ မန္တလေးတိုင်း ရဲချုပ် နျင့် နေပြည်တော်မှ အဆင့်မြင့်အရာရှိများသည့် အရေးပေါ်အစည်းအဝေးကျင်းပနေစဉ် မိုင်း ၁ လုံး၊ လက် ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

“ အခု ဒီ”ဝရဇိန်” စစ်ဆင်ရေးက ကျနော်တို့ အနေနဲ့ ပြည်သူတွေကိုနှစ်ကူးလက်ဆောင်ပေးလိုတဲ့ အ ပြင် စစ်ကိုင်တိုင်း အခြေစိုက်တပ်တွေ ဖြစ်ပေမယ့် မန္တလေးမြို့လို စစ်တပ်တွေ အခိုင်အမာတပ်စွဲ ထားတဲ့မြို့ကို အချိန်မရွေး နေရာမရွေး စစ်ဆင်ရေးပြုလုပ်နိုင်တယ်ဆိုတာ အသိပေးလိုခြင်းဖြစ်ပါ တယ်၊ ဒီလိုအရေးပါတဲ့ စစ်ရေးပစ်မှတ်တွေကို တုန့်ပြန်တိုက်ခိုက်နိုင်တယ်ဆိုတာ ပြည်သူတွေသိစေ ချင်တာပါ၊ စစ်ကောင်စီတပ်သားတွေနဲ့ Non CDM တွေအနေနဲ့လည်း သက်ဆိုင်ရာ ဌာနတွေကနေ အမြန်ဆုံးထွက်ခွာကြဖို့၊ ပြည်သူ့ထံအလင်းဝင်ကြဖို့ အထူးသတိပေးလိုပါတယ်” ဟု CIVILMEDIA SRPST စစ်ရေးတာဝန်ခံစောဂျွန်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Civil MEDIA -SRPST ၊ Northern Tiger Group (ခင်ဦး)နှင့် ရွှေဘိုခရိုင် တပ်ရင်း ၁၅ ဗိုလ်ကောက်ရိုးအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article