28.6 C
Yangon

ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

Must read

ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီနှင့် ၂ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ၂ ဦးမှာ ကျောက်တော်မြို့နယ်၊ မျောက်တောင်ရွာမှ အသက် ၃ နှစ်အရွယ် မောင်ဉာဏ်ဟိန်းမင်းနှင့် အသက် ၂၂ နှစ်အရွယ် ကိုမောင်ပြားတို့ ဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် ဦး​ကျော်သန်းလှိုင် ၊ အသက် ၇၁ နှစ်အရွယ် ဒေါ်ပြားမ ၊ အသက် ၄၂ နှစ်အရွယ် ဒေါ်လှနုယဉ် ၊ အသက် ၃၉ နှစ်အရွယ် ဒေါ်ဌေးဌေးနှင့် အသက် ၆၉ နှစ်အရွယ် ဒေါ်ဦးညွန့်စိန် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article