27 C
Yangon

မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို စစ်ကောင် စီတပ်က မီးရှို့ဖျက်ဆီး

Must read

မုံရွာမြို့နယ်၊ ထန်းပင်လှရွာနှင့် ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာကို စစ်ကောင် စီတပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇန်နဝါရီ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထန်းပင်လှကျေးရွာနှင့် ကလေးမြို့နယ်၊ ဒိုး၀ိုင်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသဖြင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထန်းပင်လှကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ပစ်ဖောက်၀င်ရောက်ပြီး နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းသည် မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်တွင် တပ်စွဲနေထိုင်သည့် စစ်သားများဖြစ်ကြောင်း သိရှိရသည်။

“သာစည်ဘက်ကလာတဲ့ စစ်သားတွေဗျ။ရွာထဲစ၀င်ကတည်းက သေနတ်တွေပစ်ပြီး ၀င်လာကြတာ။ရွာထဲရှိတဲ့ သူတို့လိုချင်တဲ့ ပစ္စည်း တွေ ယူပြီး အိမ် ၃ လုံးကို မီးရှို့သွားတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်၀င်ရောက်လာသဖြင့် ထန်းပင်လှကျေးရွာနှင့် အနီးပတ်၀န်းကျင်ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း၊၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ကလည်း မုံရွာမြို့နယ် တောင်မတောကျေးရွာကို စစ်

ကောင်စီတပ်ဖွဲ့၀င်ရောက်ခဲ့ပြီး ကျေးရွာမှ လင်မယား ၂ ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီအကျော် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ဒိုးဝိုင်းချောင်းရွာမှ နေအိမ်တစ်လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“စစ်ကြောင်းက ကင်းလှည့်ရင်း ဒိုး၀ိုင်းချောင်းကျေးရွာထဲကို ဝင်ပြီး မီးရှို့သွားတာ။ တိုက်ပွဲလည်းမဖြစ်ဘူး။ အကြောင်းမဲ့ မီးဝင်ရှို့သွားတာ။ စစ်ကြောင်းဝင်လာတော့ အားလုံးသော ပြည်သူတွေ ထွက်ပြေးကြတယ်။ လက်နက်ကြီးတွေကလည်း တစ်ချိန်လုံး ပစ်ခတ်နေတာ။ စစ်ဘေးရှောင်ပြည်သူတွေကတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးရတာ” ဟု ကလေးမြို့မှ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း စစ်တပ်၏ မီးရှို့မှုကြောင့် မီးလောင်နေသော ကျေးရွာများ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article