33 C
Yangon

ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

Must read

ဆင်ပေါင်ဝဲမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြား

ရန်ကုန်၊ ဇန်နဝါရီ ၃

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ဖောကား ၂ စီးကို ပစ်ခတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း ၅ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဆင်ပေါင်ဝဲမြို့နယ် ဓနုံး‌မြောင်ကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီ တပ်သား ၆၀ ခန့်ပါ လိုက်ပါလာသော ဖောကား ၂ စီးကို တော်လှန်ရေး တပ်ဖွဲ့များက ဓနုံးမြောင်ရွာနှင့်ကုန်းဘိုရွာအကြားတွင် အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဝမ်းဗိုက် ကျည်ထိမှန်ခဲ့ကြောင်း သိရှိရသည်။

” မီတာ ၂၀ လောက် အကွာကနေ ပစ်ခတ် တိုက်ခိုက်ခဲ့တာ စစ်ခွေး ၁၅ ကောင်သေတယ်” ဟု သရက်ခရိုင် တပ်ရင်း ၅ သတင်းတာဝန်ခံက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဆင်ပေါင်ဝဲ ပကဖ နှင့် သရက်ခရိုင် တပ်ရင်း အမှတ် ၅ ပူးပေါင်းအဖွဲ့များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်နေသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article