Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်မှာ KIA ရဲ့ ပစ်ချမှုကြောင့် ပျက်ကျသွားတဲ့ စစ်ရဟတ်ယာဉ်ကနေ အရှင်ဖမ်းဆီးရရှိထားတဲ့ ရဟတ်ယာဉ်မှူး ဗိုလ်မှူး ဇော်မျိုးသန့် ဆိုသူဟာ စစ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ အမျိုးတော်စပ်သူဖြစ်တယ်လို့ နီးစပ်တဲ့ မိတ်ဆွေအသိုင်း အ၀ိုင်းဆီကနေ သိရပါတယ်။
-ပလက်၀မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ချင်းလက် ၀စခန်းကုန်းကို ရခိုင့်တပ်တော် AA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ၊ စစ်သားအလောင်းတွေ၊ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေပါ သိမ်းဆည်းရရှိထားတယ်လို့ ရခိုင့်တပ်တော် AA ကနေ တရားဝင် ထုတ် ပြန်ထားပါတယ်။
-ပဲခူးတိုင်း၊ ဖြူးမြို့နယ်က ကညွတ်ကွင်းမြိုရဲ့ ဂုန်းတဲကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော်လှန်ရေးတပ်တွေကနေ ဒီကနေ့မနက်ပိုင်းမှာပဲ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်သား စုစုပေါင်း အယောက် ၂၀ သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။