29 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့က စစ်တပ်အင်အားရာပေါင်းများစွာ စုစည်းထားတဲ့ လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ) ဟာ ဇန်နဝါရီလ ၄ ရက်နေ့ ညပိုင်းမှာ ကိုးကန့် MNDAA ဆီမှာ လက်နက်ချ အညံ့ခံလိုက်ပြီး လိုရာခရီးသွားခွင့်ပြုတောင်းလိုက်တဲ့အတွက် လောက်ကိုင်မြို့နယ်တစ်ခုလုံးကို ကိုးကန့် MNDAA က သိမ်းပိုက်ရရှိပြီဖြစ်တယ်လို့ နေပြည် တော် စစ်တပ်သတင်းရင်းမြစ်၊ တရုတ်-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။

– တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာက စစ်ကောင်စီစခန်းဟာ ပြင်ဦးလွင်စစ်တက္ကသိုလ်နဲ့ ၁၅ မိုင်သာ ကွာဝေးတော့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

– ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကံသာယာအထက်ရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး တွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article