25 C
Yangon

ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီး ၊ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ

Must read

ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီး ၊ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေး တိမ်း ရှောင်နေရ

ရန်ကုန်၊ ဇန်နဝါရီ ၇

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသို့ စစ်တပ်က စစ်ကြောင်းထိုးလာပြီး စိတ်ဝေဒနာရှင် ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားကာ ဒေသပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ခင်ဦးဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်း ခင်ဦးမြို့ပေါ် အင်အား ၈၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းက သံဘိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါစစ်ကြောင်းက ဇန်နဝါရီလ ၆ ရက်နေ့ မြင်းဒေါင်းကျေးရွာမှ ခင်ဦးမြို့သို့ ချီတက်စဉ် လမ်းတွင် တွေ့ရှိရသည့် စိတ်ဝေဒနာရှင်တစ်ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူမှာ စိတ်ဝေဒနာခံစားနေရသော အသက် ၃၂နှစ်အရွယ် ကံသာယာရွာမှ မောင်စိုးဟိန်း ဖြစ်ကြောင်း သိရှိရသည်။

ယနေ့တွင် စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ခင်ဦးမှ သံဘိုကျေးရွာမှ ဒေသ ပြည်သူ ၁၅၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း ၊ စစ်တပ်စစ်ကြောင်းက ယမန်နေ့ ကံသာယာရွာမှ နေအိမ်နှင့် စပါးကျီများကို မီးရှီုခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article