25 C
Yangon

ပေါက်တောမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံး၊ ကျောက်တော်တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ပေါက်တောမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အမျိုးသား ၂ ဦး သေဆုံး၊ ကျောက်တော်တွင် စစ်တပ်ထောင်ထားသော မိုင်းနင်းမိပြီး အမျိုးသမီး ၁ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ ကျောက်တော်မြို့နယ်တွင် စစ်တပ်က ထောင် ထားသော မိုင်း နင်းမိမှုကြောင့် အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံမှ သိရသည်။

ဇန်နဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်တွင် ကျောက်တော်မြို့နယ်ရှိ အာထည့်တောင်ခြေရင်း၌ ဟင်းစားသွားရှာသည့် အသက် ၅၉ နှစ်အရွယ် ဒေသခံသက်ကြီးပိုင်း အမျိုးသမီး ၁ ဦး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့သည့် မြေမြုပ်မိုင်းကို နင်းမိရာမှ ခြေ ထောက်နှစ်ဘက်လုံးနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့ကို စစ်ကောင်စီတပ်က ရေကြောင်းမှ စစ်ကူအင်အားများ ထပ်မံဖြည့်တင်းလာသဖြင့် ရခိုင်တပ်တော် AA နှင့် နှစ်ဘက်ရင်ဆိုင်ထိ တွေ့တိုက်ပွဲများ တစ်နေ့လုံး ဆက်လက် ပြင်းထန်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်တွေအခြေစိုက် အမှတ် – ၁၂ ရဲတပ်ရင်း နှင့် ပါဒလိတ်တပ်ရင်း -၂၃၂ တို့မှ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်များအတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပေါက်တောမြို့နယ်၊ သဝင်ချောင်းကျေးရွာမှ အသက် ၆၅ အရွယ် သက်ကြီးပိုင်း အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး အသက် ၄၅ အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၅ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်တွေအခြေစိုက် အမှတ် ၁၂ ရဲတပ်ရင်းမှ လက်နက် ကြီးများ ဖြင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရပ်ရွာများသို တမင်တကာ ချိန်ရွယ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပေါက်တောမြို့ အနီးအနားကျေးရွာများ အပါအဝင် အမြင့်ကျွန်းတံတားနားသို့ လက် နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်တောမြို့နယ်၊ တောင်းဖူးကျေးရွာမှ အမျိုးသမီး ၂ ဦး ထိခိုက် ဒဏ်ရာရခဲ့ကာ အမြင့်ကျွန်းတံတားထိပ်ရှိ ဂဏန်းဒိုင်စောင့်နေသောအမျိုးသား ၁ ဦး ထိ မှန်သေဆုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွနှင့် သံတွဲမြို့နယ်များသို့ မြေပြင်စစ်ကူအင်အား ထောက်ပို့ ပေးနိုင်စွမ်းမရှိနိုင်တော့သည့် စစ်ကောင်စီသည် ရေကြောင်းဖြင့် လက်နက်၊ စစ်ကူ အင် အားများ ဖြည့်တင်းလျက်ရှိပြီး မြို့ကြီးအချို့ကို ကုန်းလမ်း၊ ရေလမ်းဖြတ်တောက်ထားကာ လက်ကျန် ဂိတ်စခန်းရှိ စစ်ကောင်စီတပ်သားများမှလည်း လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျလျက်ရှိ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article