27 C
Yangon

အာဆီယဥက္ကဋ္ဌသစ် လာအိုက ဝန်ကြီးဟောင်း တစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်

Must read

အာဆီယဥက္ကဋ္ဌသစ် လာအိုက ဝန်ကြီးဟောင်း တစ်ဦးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်

ရန်ကုန်၊ ဇန်နဝါရီ ၉

၂၀၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ အသစ်ဖြစ်လာတဲ့ လာအိုနိုင်ငံက ဝါရင့် သံတမန်တစ်ဦးလည်းဖြစ်၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဟောင်းတစ်ဦးလည်း ဖြစ်တဲ့ Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ် လိုက်တယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အသိပေးလိုက်ပါတယ်။

ဇန်နဝါရီလ ၂၈-၂၉ ရက်တွေမှာ လာအိုနိုင်ငံ လွမ်ပရာဘန်းမြို့မှာ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမတိုင်ခင် ဝန်ကြီးချုပ်ရုံး ဝန်ကြီးဟောင်း Alounkeo Kittikhoun ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တယ်လို့ လာအို နိုင်ငံခြားရေးဝန်ကြီး စလေးမက်ဇေ ကွန်မစီ (Saleumxay Kommasith) က အဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်အသိပေးလိုက်တာဖြစ်ပါတယ်။

အထူးသံတမန်အနေနဲ့ သက်ဆိုင်ရာ တာဝန်တွေကို ဇန်နဝါရီ ၁ ရက်နေ့က စတင် ထမ်းဆောင်နေပြီး Alounkeo ဟာ အရင်က ကုလသမဂ္ဂဆိုင်ရာ လာအို သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် အလျင်အမြန် ခန့်အပ် လိုက်ခြင်းဟာ လက်ရှိဥက္ကတာဝန်ယူထားတဲ့ လာအိုနိုင်ငံရဲ့ အာဆီယံဘုံ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး အလေးအနက် ထားကြောင်း ဖော်ပြနေတာလို့ အမည်မဖော်လိုသူ ထိုင်းအကြီးတန်း သံတမန်တစ်ဦးက Thai PBS သတင်းဌာနကို ပြောပါတယ်။

မနှစ်က အာဆီယံဥက္ကဌ တာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှား နိုင်ငံကတော့ အာဆီယံ အထူးသံတမန်ရုံးအနေနဲ့ပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌ လာအို အနေနဲ့ မြန်မာအရေးကို ကူညီဖြေရှင်းပေးဖို့ ဘက် ပေါင်း စုံပါဝင်ပြီး ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ကူညီမှုတွေလုပ် ဆောင် သွားမယ်လို့ ဆိုပါတယ်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article