ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ နေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ပြည်သူများကို ငွေကြေးလှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၉
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ လူမှုကူညီရေးဆပ်ကော်မတီက ဦးဆောင်၍ အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသည့် နေအိမ်များအတွက် ငွေကျပ် ၁၁ သိန်းကျပ် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများဆီ စတင်စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူများကို လူသားတံဒိုင်းအဖြစ် ဖမ်းဆီးအသုံးပြုခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများအပါအဝင် နေအိမ်အများအပြား မီးရှို့ဖျက်ဆီးလျက်ရှိသည်။