27 C
Yangon

ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်နှင့် အမျိုးသမီး ၃ ဦး အပါအဝင် လေးလောင်း ပြိုင် လူသတ်မှု ယနေ့ သဂြိုလ်မည်

Must read

ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်နှင့် အမျိုးသမီး ၃ ဦး အပါအဝင် လေးလောင်း ပြိုင် လူသတ်မှု ယနေ့ သဂြိုလ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် ယက္ကန်းရုံပိုင်ရှင်နှင့် အမျိုးသမီး ၃ ဦးကို အလုပ် သမားတစ်ဦးက သတ်ဖြတ်ခဲ့ရာမှ လေးလောင်းပြိုင် လူသတ်မှုဖြစ်ပွားမှု ဖြစ်ပွားခဲ့ပြီး ယနေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဝမ်းတွင်းမြို့၊ အမှတ် ၃ ဗဟိုရပ်ကွက်၌ ယက္ကန်းရုံပိုင်ရှင်နှင့် အလုပ်သမား ဖြစ်သူတို့ စကားများ ရန်ဖြစ်ပြီး ယက္ကန်းရုံပိုင်ရှင် အပါအဝင် အမျိုးသမီး ၄ ဦးကို အလုပ်သမား ဖြစ်သူက တူနဲ့ထုသတ်ခဲ့ကြောင်း၊ ယင်းနောက် သတ်ဖြတ်ခဲ့သူ အလုပ်သမားက ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသူ ၄ ဦးမှာ အသက် ၇၈ နှစ်အရွယ် ဒေါ်ကြည်၊ အသက် ၆၈ နှစ်အရွယ် ဒေါ်မြသွေး၊ အသက် ၅၃ နှစ်အရွယ် ဒေါ်စန္ဒာနှင့် အသက် ၃၈ နှစ်အရွယ် မဇင်ဇင်အေးတို့ ဖြစ်ကြောင်း သိရှိရသည်။

” ရဲကဖမ်းတာမဟုတ်ဘူး။ သူကရဲစခန်းကို ဖုန်းဆက်ပြီး အဖမ်းခံတာ သေသွားတဲ့ ဒေါ်မြသွေးနဲ့ဒေါ်ဇင်ဇင်အေးကသားအမိ ဒေါ်ကြည်က လေဖြတ်နေတာ သူတို့အဒေါ် ဒေါ်စန္ဒာက အဲ့အိမ်ကို အကူအလုပ်ပေးဖို့ ရောက်နေတာ ဒေါ်မြသွေးနဲ့ဒေါ်ဇင်ဇင်အေး တို့သားအမိက စက်ယက္ကန်းပိုင်ရှင် ငွေတိုးလည်း ချေးစားတယ်။ အခုဖြစ်တာက အဲ့သတ်တဲ့လူက ငွေယူသုံးထားတာ ကျွန်တော်တို့ဘက်က ယက္ကန်းသမားတိုင်း ခေတ်မကောင်းတော့ အလုပ်ရှင်ဆီက ငွေကြိုထုတ်သုံးကြတယ်။ အဲ့တာကိုမှ အလုပ်ရှိတဲ့အခါ အလုပ်ရှင်က လုပ်အားခကနေ ဖြတ်ယူထားပေါ့။ အခုဖြစ်တာက အဲ့လူက သူ့ကြိုထုတ်ငွေအတွက် အခုရတဲ့ လုပ်အားခထဲက မဖြတ်သေးနဲ့အုန်းပြောတယ် နောက်မှဖြတ်ပေါ့။ ဒါပေမယ် ဟိုကမရဘူး ဖြတ်လို့ သတ်တာတဲ့” ဟု Voice Of Wundwin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် အသတ်ခံရသူ ၄ ဦး၏ နာရေးကို သဂြိုလ်မည်ဖြစ်ပြီး ဝမ်းတွင်းမှ ပြည်သူတချို့ လိုက်ပါ ပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #VoiceOfWundwin #ဝမ်းတွင်းမြို့ #လေးလောင်းပြိုင်လူသတ်မှု

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article