27 C
Yangon

ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ မင်းပြားနှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ကျောက်တော်၊ မြောက်ဦး၊ မောင်တော၊ မင်းပြားနှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှု ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်တော်မြို့နယ်၊ လက်ပံရွာရှိ ကွမ်းခင်း စိုက်ပျိုးထားသောခြံထဲကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကွမ်းခြံအတွင်းရှိ တဲထဲ၌ အိပ်ပျော်နေသော အသက် ၆၀ နှစ်အရွယ် ဒေါ်စံဂိုးမ ပွဲချင်းပြီး သေဆုံးပြီး အသက် ၅ နှစ်အရွယ် မောင်ဝင်းခိုင်နှင့် အသက် ၆၂ နှစ်အရွယ် ဦးမောင်သောင်းစိန် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇန်နဝါရီ ၁၂ ရက်နေ့ ည ၈ နာရီ ၂၂ မိနစ်တွင် မင်းပြားမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၁ တပ်ရင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးသွားသော ပြည်သူ ၁ ဦးမှာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်တွင် နေထိုင်သော အသက် ၇၆ နှစ်အရွယ် ဦးသိန်းထွန်းစိန်ဖြစ် ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ဦးကျော်သန်းချေ ၅၅ နှစ် ၊ ဦးင/တူ ၅၂နှစ် နှင့် ဒေါ်မရွှီအေး ၄၈ နှစ် တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၇၆ တပ်ရင်းအနီး အကြမ်းဖက်စစ်တပ်ထောင်ထားသည့် စွန့်လွှတ်မိုင်း တက်နင်းမိ၍ အသက် ၂၈ နှစ်အရွယ် ပြည်သူ ၁ ဦး ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားပြီး ညာဖက်ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် မောင်တောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်၏ တမန်းသားအခြေစိုက် နယ်ခြားစောင့်တပ်စခန်းက မောင်တောမြို့နှင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများနှင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့၍ မောင်တောမြို့နယ် သက်ကညှာကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေး ၁ဦးနှင့် အမျိုးသမီး ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် မယ်တော်တောင်တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီစခန်းက ပိုက်သည်ကျေးရွာကို လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့ရာ အမျိုးသား ၁ ဦးအပါအဝင် အမျိုးသမီး ၁ ဦးတို့မှာ လက်နက်ကြီးကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ကာ အသက် ၆နှစ်နှင့် ၁၃ နှစ်အရွယ် ယောက်ျားလေး ၂ ဦးတို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်တွင်လည်း ကြပ်စင်မြစ်ကြောင်းအတိုင်း ပေါက်တောဘက်သို့ ဦးတည်သွားလာနေသည့် အကြမ်းဖက်စစ်တပ်၏ နေဗီသင်္ဘော ၂ စီးသည် မြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကြီး ၁ လုံးသည် မင်းပြားမြို့နယ် ကြောင်ရှည်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဒေသပြည်သူ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မင်းပြားမြို့ မင်းဘာကြီးရပ်ကွက်ကိုလည်း ဇန်နဝါရီလ ၁၂ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် လက်နက်အင်အားအပြည့်အစုံနှင့် အကြမ်းဖက်ဝင်ရောက်ကာ ပြည်သူ ၁ ဦး၏ နေအိမ်ကို ဖြိုဖျက်ခဲ့ပြီး နေအိမ်ထဲတွင် ပုန်းအောင်နေခဲ့ကြသည့် ဒေသပြည်သူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ညနေ ၄ နာရီ ၅၀ မိနစ်အချိန်တွင်လည်း ရခိုင်ပြည် အမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ကဇုကိုင်း တောဟိန်းတောင်ဗျူဟာကုန်းမှ ပြည်သူများ နေထိုင်ရာ‌ကျေးရွာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခဲ့ရာ ကမ်းထောင်းကြီးမြို့နယ် သရက်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆၅ နှစ်အရွယ် ပြည်သူ ၁ ဦး သေဆုံးသွားကာ နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်မြို့နယ်များ၏ မြို့ပေါ်ရပ်ကွက်များအပါအဝင် အနီးအနားကျေးရွာများကို အကြမ်းဖက်စစ်တပ်စခန်းများနှင့် နေဗီသင်္ဘောများပေါ်မှာ လက်နက်ကြီးမျာနှင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်ခိုက်ရေးရဟတ်ယာဉ်များကလည်း လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ နေ့လယ် ၁၂ နာရီကျော်အချိန်ခန့်တွင် ရန်သူ့ဇက်ရေယာဉ်က ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ထိမှန်၍ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ နေအိမ် ၄ လုံးနှင့် သက်ပုန်းကျေးရွာက နေအိမ် ၁၂ လုံး နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ကျောက်တော် #မြောက်ဦး #မောင်တော #မင်းပြား #အမ်းမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article