30.6 C
Yangon

ခင်ဦးမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်၍ မီးရှို့ ဖျက်ဆီးနေသော စစ်ကြောင်းနှင့် စပါးခိုးရိတ်နေသော ပျူစောထီးများကို တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး

Must read

ခင်ဦးမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်၍ မီးရှို့ ဖျက်ဆီးနေသော စစ်ကြောင်းနှင့် စပါးခိုးရိတ်နေသော ပျူစောထီးများကို တိုက်ခိုက်မှု ၈ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း လှည့်လည်ပြီး ပြည်သူများကို သတ်ဖြတ်ကာ မီးရှို့ဖျက်ဆီးနေသော စစ်ကြောင်းနှင့် ပြည်သူပိုင် စပါးများကို ခိုးရိတ်နေသော ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ ၈ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း Khin U Specialforce Organization – KSO တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ခင်ဦးမြို့နယ် အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာ သော အင်အား ၈၀ ကျော်ပါ စစ်ကြောင်းကို မြင်းကျကျေးရွာမှ အသက် ၆၀ ကျော်အရွယ် အဖိုးနှစ်ဦး ကို ပစ်ခတ်ပြီး ပြန်ထွက်လာသည့် ရှေ့ပြေးကင်း ၂၀ ခန့် ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက် ခဲ့ ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထပ်မံ တွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံးပြီး ကျွန်းတောကြီးကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များအတွင်း ထည့်သွင်း မီးရှို့ ကာ အလောင်းဖျောက်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းသည် ရှုံးမဲမဲကာ အပြစ်မဲ့သော မြင်းကျရွာမှ အဖိုးအို ၂ ဦး၊ ကိုယ်ဝန် ဆောင်သည် အမျိုးသမီး-၁ ဦး၊ ကားဆိပ် (သက်သာပန်းတောင်းကျေးရွာ )မှ အမျိုးသမီး ၁ ဦး စုစု ပေါင်း ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ကျွန်းတောကြီးရွာမှ နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပျဉ်ထောင်ကျေးရွာမှ ပျူစောထီး ၂၀ ခန့်သည် အနီးအနားရှိ ပြည်သူပိုင်လယ်ကွင်းများအတွင်းမှ စပါးများကို ခိုးယူရိတ်သိမ်းနေစဉ် မီး လောင်ဗုံး ၅ လုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိသို့ မီးလောင်ဗုံးကျဲချမှုကြောင့် မီးလောင်နေသော စပါး ပုံ များကို မီးငြိမ်းသတ်ရန် ကြိုးစားနေသည့် ပျူစောထီးများကို ဒရုန်းအကြီး ၅ စီး၊ အသေး ၂ စီးဖြင့် ဗုံးသီး ၁၃ လုံးထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးပြီး ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို KSO (KURDAF Droneအဖွဲ့) ၊ခင်ဦးမြို့နယ် ပကဖ ၊Wolf Guerrilla Force Local PDF၊ YE U (KURDAF Drone အဖွဲ့) ၊ Arm Revolutionary Force ARF (KURDAF Drone) ၊ KUGF ၊ Fire Dragon PDF (Khin U) Drone အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #KhinUSpecialForceOrganization #KSO #KURDAFDrone #WolfGuerrillaForceLocalPDF #YEU #ArmRevolutionaryForceARF #KUGF #FireDragonPDF

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article