25 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက် သေဆုံးမှု ရှိနိုင်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုး လာ သော စစ်ကောင်စီ တပ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေ ဆုံး မှု ရှိနိုင်ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် – ADPRA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ တပ် အတွင်းမှ အင် အား ၅၀ ခန့်ဖြင့် ထွက်လာပြီး ဘုတ လင်မြို့နယ်အတွင်း လှည့်လည် စစ်ကြောင်းထိုး နေသော စစ်ကောင်စီ တပ် သားများကို ဘုတလင်မြို့ နယ်၊ ဇီးတောကျေးရွာအထွက်တွင် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“နမခတပ်ထဲကနေ အင်အား ၅၀ လောက်နဲ့ ဘုတလင်မြို့နယ်ထဲကို စစ် ကြောင်း ထိုးနေတာ၊ ဘုတလင်မြို့နယ်၊ ဇီးတောရွာထဲ မှာရောက် နေတယ် သတင်းရလို့ ဇီးတောရွာအထွက်မှာ လက်နက် ကြီးလက်နက်ငယ်တွေနဲ့ ပစ် ခတ်တိုက်ခိုက်ခဲ့တာပေါ့၊ အခုလက်ရှိ အဲဒီစစ်ကြောင်းကတော့ မုံရွာ နမခ ထဲကို ပြန် ရောက်သွားပြီလို့ သတင်းရတယ်” ဟု အာဏာရှင်တော်လှန်ရေး ပြည်သူ့ တပ်မတော် – ADPRA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့သို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား များ ခိုက်သေဆုံးမှုရှိသည်ဟု သိရသော်လည်း အတိ အကျ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ မွန်းတည့် ၁၂ နာရီခန့်တွင် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှိုကု ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ တပ်ခွဲ-၂ (Black Shadow PDF) ၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ တပ်ခွဲ-၄ (အမေ့သား ကျားသုံးဖော်) နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #ဘုတလင်မြို့နယ် #BlackShadowPDF #ADPRA

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article