30 C
Yangon

ရေစကြိုရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် ယင်းမာပင်မြို့ပေါ်ရှိ တရားရုံး၊ ဆေးရုံဂိတ်၊ ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ ရေစကြိုရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ပေါ်ရှိ တရားရုံး၊ ဆေးရုံဂိတ်၊ ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးရာ နေရာနေရာကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ယင်းမာပင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တရားရုံး၊ ဆေးရုံဂိတ်ပေါက်ဝနှင့် ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း တရားရုံး၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သား ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကျန်နေရာများတွင် ထိခိုက်မှုရှိမရှိ စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces၊ Urban Underground Revolution Force၊ ယင်းမာပင်ခရိုင်တပ်ရင်း ၃၊ ၄၊ ၅၊ ၆ ပခုက္ကူခရိုင် Local တပ်ပေါင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #27RevolutionForces #UrbanUndergroundRevolutionForce #ရေစကြို #စစ်တပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article